Zawgyi //
" မိုရာ့ကို ပြောစရာရှိတယ်ဆို ။ ဘာများလဲ အစ်ကို "
အခက်တွေ့နေဟန် ခဏခဏသက်ပြင်းချနေတဲ့အစ်ကို့ကို မိုရာမြန်မြန်လမ်းခင်းပေးလိုက်သည် ။ အစ်ကိုက အားနာသည့်မျက်ဝန်းတွေနှင့် မိုရာ့ကို ပြန်ကြည့်လာသည် ။ အစ်ကို့ကို မိုရာပြုံးပဲပြမိပါသည် ။
" ပြောစရာရှိတာကို အားမနာဘဲ မိုရာ့ကိုပြောပြလို့ရပါတယ် အစ်ကို "
" မိုရာ မနေ့က သတင်းကိုတွေ့ပြီးပြီမလား "
မိုရာ မျက်ခုံးတစ်ဖက်ပင့်ကာ အစ်ကို့ကိုပြုံးပဲပြုံးပြမိသည် ။
" မိုရာနဲ့အစ်ကို တွဲနေတယ်ဆိုတဲ့သတင်းလား "
" အင်း ။ ခုလိုပြောရတာ အားနာပေမယ့် မိုရာ့ဘက်က ငြင်းပေးနိုင်မလား ။ ကိုယ့်မှာ အိမ်ထောင်ရှိတာ မိုရာလည်းသိနေတာပဲ ။ ကိုယ်က မိုရာ့သိက္ခာထိခိုက်မှာစိုးတာကြောင့်ပါ "
မိုရာ ဘာမှပြန်မပြောဘဲ လက်ထဲက အမေရိကာနိုတစ်ခွက်ကိုသာ အရသာခံပြီး သေချာလေးသောက်နေမိသည် ။ အစ်ကိုက အမေရိကာနိုတစ်ခွက်နှင့်တူသည် ။ ခါးမှန်းသိပေမယ့်လည်း သဘောကျနှစ်ခြိုက်စွာနဲ့ အရူးအမူး စွဲလန်းနေမိတာမျိုး ။
အစ်ကိုက ရယ်လည်းရယ် ရသည် ။ အစ်ကို့ရဲ့မြတ်နိုးရာလေးနဲ့စကားများခဲ့တာကြောင့်လို့ မသုံးဘဲ မိုရာ့သိက္ခာထိခိုက်မှာစိုးတာကြောင့်တဲ့ ။ မိုရာက အစ်ကို့ကြောင့်သိက္ခာကျရတယ်ဆိုရင်တောင် အစ်ကိုနဲ့ပက်သက်တာမို့ ခေါင်းပေါ်တင် သရဖူဆောင်းပြီး ဂုဏ်ယူပြလိုက်ဦးမှာ အစ်ကိုဂျွန်ရဲ့ ။
" မိုရာ.. "
" မိုရာ အစ်ကို့ဆီကနေ တောင်းဆိုချင်တာရှိတယ် ။ အစ်ကို လိုက်လျောနိုင်တာမျိုးကိုပဲ မိုရာ တောင်းဆိုမှာပါ ။ "
မျက်ခုံးလေးပင့်ပြီး ဘာများလဲ" လို့ မေးလာတဲ့အစ်ကို..
" ဒီနေ့က မိုရာ့မွေးနေ့ပါ ။ အဲ့ဒါ ... မိုရာ အစ်ကို့ကို dinner ဖိတ်ကျွေးချင်လို့ "
" ကိုယ့်တစ်ယောက်တည်းကိုလား "
" အို.. မိုရာ့ကို အစ်ကိုဘယ်လိုများတွေးထင်နေသလဲ အစ်ကို ။ မိုရာ စိတ်မကောင်းဖြစ်မိတယ် "
BINABASA MO ANG
' VOW ' ( completed )
Fanfictionအမုန်းတရားဆိုတာ ချစ်ခြင်းမေတ္တာထက် နှလုံးသားထဲမှာ ပိုပြီးနေရာယူတတ်ကြတယ်မလား ။ ဘယ်လိုပဲဖြစ်ဖြစ် ဂျွန်ကတော့ သူ့နှလုံးသားထဲမှာ နေရာယူနေတော့တာပါပဲ ။ အမုန်းတရားဆိုတာ ချစ်ခြင်းမေတ္တာထက် နှလုံးသားထဲမှာ ပိုပြီးနေရာယူတတ်ကြတယ်မလား ။ ဘယ်လိုပဲဖြစ်ဖြစ် ဂျွန်ကတော့...