Page (21)

30 3 0
                                    

Name Of Love ❤

Page (21)

ထို့နောက် သူမဘက်မှအသံပြုလိုက်သော
ကြောင့် သတိပြန်ဝင်လာကာ သူ့စိတ်ကိုသူပြင်ဆင်လိုက်ပြီး သူမရဲ့ မျက်နှာပေါ်သို့သေချာပြန်မော့ကြည့်လိုက်လေသည်

Ai - အစ်ကို အစ်ကို အဆင်ပြေရဲ့လား?!

Taishi - အော် - ပြေ ...ပြေ...ပါတယ် !

သူသည် ထို့ခံစားချက်များကိုခံစားလိုက်ရသည်မှာ တစ်ကြိမ်တစ်ခါပင်မကတော့ပေ ယခုသည်မှာလဲ လတ်တလော အခုပင်ဖြစ်ပေါ် ခံစားလိုက်ရသောကြောင့် အနည်းငယ်တွေးဝေသွားကာ သူ့ခေါင်းထဲတွင် အတွေးပေါင်းစုံပေါ်ပေါက်​ နေ လေပေသည် ထို့အခါ သူ့ပုံစံသည် သူမကိုပြန်၍စကားမပြောနိုင်ရအောင်ကိုပင် တစ်ခုခုကို စဉ်းစားနေသောကြောင့် သူမ့ဘက်မှ စကားကိုဆက်ပြောလိုက်လေသည်

Ai - အစ်ကို ...အစ်ကိုခံစားလိုက်ရတယ်မလား?

သူမ့အပြောကြောင့် သူအနည်းငယ်ဇဝေဇဝါဖြစ်သွားရကာ သူမကိုသာ ကြောင်တောင်
တောင်ဖြင့်ကြည့်နေမိပြီး သူမ့အပြောကို ပြန်ဖြေလိုက်လေသည်

Taishi - Ai ကဘာကိုပြောတာလဲ?!

Ai - ခုနက ခံစားချက်တွေကိုပြောတာလေ အစ်ကို ကော်ဖီကိုသောက်လိုက်တဲ့အချိန်မှာ တစ်ခုခုကိုခံစားလိုက်ရတယ်မလား?

Taishi - Ai ကဘယ်လိုလုပ်သိနေရတာလဲ ?

Ai - Ai ကအမြဲတမ်းသိနေတယ်လေ အစ်ကို Ai ဖျော်ပေးတဲ့ကော်ဖီကိုသောက်လိုက်ရင် ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို Ai သိနေတယ်လေ ဘာလို့ဆို Ai ကပဲ အဲ့လိုဖြစ်အောင်လုပ်ပေးနိုင်လို့လေ အွန်း... ဘယ်လိုပြောရမလဲ? ခံစားချက်တွေကိုဖြစ်ပေါ်စေတဲ့ ကော်ဖီလို့ပဲပြောရမလားပဲ!

သူမ ပြောလိုက်တဲ့စကားကို သူတစ်စုံ
တစ်ယောက်ဆီကနေကြားခဲ့ဖူးသောကြောင့် ခဏတာ ပြန်စဉ်းစားလိုက်လေရာ ထို့စကားကို Nayo လဲ သူအားပြောပြခဲ့ဖူးလေသည်

Taishi - Ai အစ်ကို နားမလည်ဘူး ပြီးတော့ အစ်ကို...Nayo ဆီကနေလဲ Ai ပြောသလိုမျိုး ကြားခဲ့ဖူးသေးတယ်

Ai - အွန်း ဟုတ်လား ? သူမကိုလဲ Ai ပြောပြခဲ့ဖူးလို့ထင်တယ်

Taishi - ဘာကိုဆိုလိုတာလဲ Ai ?!

[ Zwaygi ] Name Of Love ❤ ( အချစ်၏ နာမည် ){ Completed }Where stories live. Discover now