Page (22)

28 3 0
                                    

Name Of Love ❤

Page (22)

ညနေ ၁ နာရီ ၁၇ မိနစ်အချိန်တွင် အိမ်တစ်အိမ်ရှိ ကော်ဖီခြံတစ်ခုသို့ အသက် ၉ နှစ်ခွဲအရွယ် ကောင်မလေးတစ်ယောက် ကျောပိုး
အိတ်ကလေးကိုလွယ်ကာ သူမရဲ့ အကျီတွင်လဲ ပေပွညစ်ပေနေပြီး မျက်နှာလေးမှာလဲ ငိုထားသောကြောင့် မျက်လုံးလေးများနီရဲနေပြီး နှာခေါင်းလေးတရှုပ်ရှုပ်ဖြင့် ထို့ခြံလေးအထဲတွင် အလုပ်လုပ်နေသော အဘိုးဖြစ်သူအား အပြေးအလွှား လှမ်းဖက်လိုက်လေသည်

"Ai ဘာဖြစ်လာတာလဲ ?!"

Ai - အဘိုး သမီးကိုလေ ကျောင်းကသူငယ်ချင်းတွေက ဝိုင်းပြီးအနိုင့်ကျင့်ကြတယ် ပြီးတော့ သူတို့မိဘတွေကလည်းအော်ဟောက်ပြီး သမီးကို ရောဂါပိုးရှိတဲ့သူမို့လို့ဆိုပြီး အဝေးကိုမောင်းထုတ်ကြတယ် သမီးလည်း သူတို့ကို
ဘာမှမလုပ်ဘဲနဲ့ သမီးကို ဆူကြတယ်

"ကဲ ဘာမှမဖြစ်တော့ပါဘူး မငိုနဲ့ တိတ်တော့နော် အခု အဘိုးက သမီးအနားမှာရှိနေပြီပဲ
မငိုနဲ့တော့နော် - အွန်းး ဘယ်ဆိုးလို့လဲ အဘိုးရဲ့မြေးလေးက သတ္တိရှိသားပဲ "

Ai - အွန်းးး ဘာကိုလဲ? အဘိုး

"မဟုတ်ဘူးလား? သူတို့တွေက ဒီလောက် အော်ဟစ်ပြောဆိုပြီး အနိုင့်ကျင့်နေတာ​တောင် သမီးကသူတို့ကိုဘာမှပြန်မလုပ်ပဲ သည်းခံပေးခဲ့တာလေ အဲ့ဒါမျိုးကိုသတ္တိရှိတယ်လို့ခေါ်တယ် "

Ai - ဒါပေမဲ့ သမီးကြောက်တယ် သမီးကိုဝိုင်းပြီး ပြောဆိုနေကြတာ သမီးအရမ်းအားငယ်တယ် ငိုလည်းငိုချင်တယ် သမီး သူတို့ကို ဘာအမှားလုပ်ခဲ့လို့လဲ သမီး ဆရာမစကားလဲနားထောင်တယ် သူငယ်ချင်းတွေနဲ့လဲမပေါင်းဘူး တခြားသူတွေ အနားလဲမကပ်ပါဘူး အိမ်စာတွေလဲလုပ်ပါတယ် လိမ်မာ​အောင်လဲနေပါတယ် ဘာလို့သမီးကိုပဲ ဆူနေကြတာလဲ ? သမီးကမလိမ်မာလို့လား ? အဘိုး

"အဲ့လိုမဟုတ်ပါဘူး Ai လေးက အမြဲလိမ်မာတဲ့ကလေးလေးပါ သမီးကမလိမ်မာလို့မဟုတ်ပါဘူး အဘိုးတို့ဆီမှာကော်ဖီခြံရှိတော့ သူတို့က သမီးဆီကနေကော်ဖီသောက်ချင်ကြလို့ အဲ့လိုတွေပြောနေကြတာပါ "

Ai - ကော်ဖီ! ဘာလို့သူတို့ကသမီးဆီကကော်ဖီကို​ သောက်ချင်ကြရတာလဲ? သမီးမှ ကော်ဖီမဖျော်တတ်တာကို

[ Zwaygi ] Name Of Love ❤ ( အချစ်၏ နာမည် ){ Completed }Where stories live. Discover now