၄_အလွမ်းရယ်မပြေ

141 18 2
                                    


newfeed ပေါ်က တက်လာသည့် သတင်းတွေကြည့်မိတော့လည်း
တောခိုသူများကခို ၊ ရှေ့တန်းထွက်သူများကထွက်သည့်အပြင် တစ်ချို့ရွာများတွင်တော့
မီးရှို့ခံရသည့် သတင်းအစအနများ...။ စိတ်မချမ်းသာစရာ။
ဒီနိုင်ငံမှာ လူဖြစ်လာရကတည်းက နည်းတဲ့ဝဋ် မဟုတ်ပေဘူးလား။
လူတွေရဲ့ အတ္တတွေလောင်မြိုက်ခြင်း၊ လောဘမီးတွေကြောင့်သာ ယခုလို
ပြည်တွင်းစစ် ၊ ကမ္ဘာ့စစ်ပွဲတွေဖြစ်ပေါ်လာသည်လေ။
ဖုန်းကိုပိတ်ကာ ထိုင်နေရင်း အကြည့်က နွေ့ဘေးက စာအုပ်စင်ဆီရောက်သွား၏။
နွေကတော့ စာကြည့်စားပွဲတွင် ဆရာမ ခင်ခင်ထူး၏ပန်းကြာဝတ်မှုန် ဝတ္ထုအား ဖတ်နေလေ၏။

" နွေ "

ဖတ်လက်စကိုရပ်ကာ ဝတီ့ဆီ အကြည့်တစ်ချက်ပို့၏။

" စာအုပ်ယူဖတ်လို့ရမလား "

" ရတယ် "

သူမကခွင့်ပြုစကားပြောကာ ဖတ်လက်စ ဝတ္ထုဆီ၌ အာရုံပြန်စိုက်၏။
စာအုပ်စင်၌ စာအုပ်တော်တော်များများစုံလင်လှပါသည်။
အထူးသဖြင့် တက္ကသိုလ်ဘုန်းနိုင်၊ ဂျာနယ်ကျော်မမလေး၊ ခင်ခင်ထူး၊ ပုညခင်၊ကြည်အေး
ဖေမြင့်၊ ဆန်းကျော်စွာဝင်း ၊ဦးဘုန်း(ဓာတု) စသည့်စာရေးဆရာများ၏ ဝတ္ထုအစုံအလင်များကို သပ်ရပ်စွာ အစီအရီထားထား၏။
စာအုပ်များအားသေချာယူကြည့်ရင်း အနီးရှိစီရီထားသည့် စာအုပ်များကို ကျော်ကာ
ဟိုးအနောက်ထဲက ပြာလွင်လွင် ဝတ္ထုစာအုပ်ကလေးအား
သတိထားမိသည် ။ ချောင်ထဲ ရောက်နေသည့် နွမ်းလျလျ ဝတ္ထုစာအုပ်ကလေးအား
တစ်ချက်ယူကြည့်တော့ စာအုပ်အဖုံးတွင်
မန္တလေးတက္ကသိုလ်မိန်းအဆောက်အအုံကြီးပါဝငါ၏။
ထိုဝတ္ထုစာအုပ်ဟာ ဝတီ့စိတ်အလုံးစုံအား ဖမ်းစားသွားခဲ့ပါသည် ။
လှန်လှောကြည့်မိသည့်တစ်ခဏတွင်။

တစ်ရွက်၊နှစ်ရွက်၊သုံးရွက်.......

စာမျက်နှာထက်ရှိ စာတန်းများစွာထဲမှာ အမည်နာမတစ်ခုအားတွေ့မိသည်။
"စော်စဝ်မင်းမောင်" ။ နွေပြောပြဖူးသည့် " စောစဝ် " ။
တိုက်ဆိုင်ခြင်းလား ။သည်လိုတိကျတဲ့အမည်နာမနှစ်ခုက တိုက်ဆိုင်ခြင်းမရှိရိုးပါ ။
သေချာအောင် စာမျက်နှာတစ်ချို့အား အနည်းငယ်ထပ်၍ လှန်လျောကြ်ည့်မိ၏။
သူ့ခေါင်းထဲ ဒွိဟဖြစ်နေပြီ။

" မန်းတောင်ရိပ်ခို " ( COMPLETED )Where stories live. Discover now