Part 12 ( U + Z )

1K 80 6
                                    

'' ဖေဖေနဲ့မေမေ.... ဟောဒါ ကျွန်တော်ပြောတဲ့ ကျွန်တော့ချစ်သူလေးပေါ့ ''

'' ဟယ်.....ကြည့်စမ်း ၊သားကမေမေတို့ကိုအရိပ် အမြွက်ကလေးတောင် ကြိုပြောမထားဘူး၊ ဟယ် အံ့သြဖို့ကောင်းလိုက်တာ၊ သမီးဖြစ်နေတော့ပိုကောင်းတာပေါ့သားရဲ့....ကြည့်စမ်းပါဦး ''

'' ကျွန်တော်က မေမေတို့ကို တမင်သက်သက် surprise လုပ်ချင်လို့ကို မြတ်နိုးလေးနဲ့ တိုင်ပင်ထားတာ ''

ထိုခဏမှာ သူ့ရင်ထဲမှာအကြီးမားဆုံးပေါက်ကွဲမှု တစ်ခုဖြစ်ထွန်းနေခဲ့သည်။ တိတ်ဆိတ်မှုထဲမှာပဲ သူ တစ်ယောက် တည်း ပေါက်ကွဲလွင့်စင် လျက် ရှိသည်။ ခွန်းဆက်.... ဒီကောင် လျင်လှ၊ သွက်လှချည်လား။ သူတောင်ဖွင့်မပြော ရက်ပဲ အရိပ်တကြည့်ကြည့် တိတ်တခိုးကလေး ချစ်မြတ်နိုးလွန်းရပါသော မ ကို ဒီကောင် ဘယ်အချိန်ကများ လက်သွက်ခြေသွက်နှင့် ချစ်သူ ဖမ်းလုပ်ပစ်လိုက်တာပါလိမ့်။ကမ္ဘာကြီး တစ်ခုလုံး ချာချာလည်သွားသလို သူ့ခေါင်းတည့်တည့် ဆီ မိုးကြိုးပစ်ခွင်းချပစ်လိုက်သလို အစိတ်စိတ်အမြွာမြွာ လောင်ကျွမ်းပြာကျသွားသလို။ သူ့ရင်တစ်ခုလုံးစုတ်ပြတ်သတ်ကြေမွ ဖွာကြဲလန်သွားသလို သည်းထန်ပြင်းပြစွာ နာကျင်ခံစားနေရပါသည်။ မ.....ရယ် ။ ကျွန်တော် ရင်ကွဲပါပြီ။ မ ကို ချစ်တယ် ။ အရမ်းချစ်တယ်။ မ....ကကျွန်တော့ဘဝရဲ့အနာဂတ်ပဲ။ မ....က ကျွန်တော့်ရဲ့မျှော်လင့်ချက်ပဲ။ မ..... က ကျွန်တော့်ဘဝရဲ့ရှင်သန်ခြင်း အဓိပ္ပါယ်ပဲ ။ မရ မရှိရင် ကျွန်တော့်ဘဝ ဆက်လက်ရှင်သန်မရတော့ဘူး။ ကျွန်တော်နေလို့ပျော်တော့မှာမဟုတ်ဘူး။ ကျွန်တော်ဘာလုပ်ရမလည်း။ ကလေးတစ်ယောက်လို လိုချင်တာ မရတဲ့အခါပွင့်ပွင့်လင်းလင်းပေါက်ပေါက်ကွဲကွဲ ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ ငိုကြွေးပစ်လို​ချင်တယ်။ ကျွန်တော် မ ကိုအဆုံးရှုံးမခံနိုင်ဘူး မ ရယ်။ ဒါပေမယ့် ကျွန်တော်က မိန်းကလေးတစ်ယောက်လေ ပြီးတော့ ပညာလည်းမတတ်တဲ့သူတစ်ယောက်လေ။ ဟူး ....မရယ် ကျွန်တော်ရူးတော့မယ်။

သူ စိတ်နှင့်ကိုယ် ကင်းလွတ်ချိန်မှာ မ နှင့် မေမေတို့ စကားတွေပြောနေကြပြီ။ ဘာတွေပြောနေမှန်း သူမကြားတစ်ချက် ကြားတစ်ချက် ။ သူ့မျက်လုံးတွေက ခွန်းဆက် ကုတ်အင်္ကျီထဲမှာရှိနေမည့် မနေ့က မြင်ခဲ့ရသော လက်ထပ်ခွင့်တောင်းသည့် စိန်လက်စွပ် လေးဆီသာ အာရံ​ရောက်နေသည်။ အားပါးတရ ကျေနပ်အားရစွာ အောင်နိုင်သူ တစ်ယောက်လို ပြုံးနေသော ခွန်းဆက် ကို လည်ကုပ်ကနေဆွဲပြီး လက်သီးနှင့်အဆက်မပြတ်ထိုးပစ်လိုက်ချင်သည်။

မရဲ့....မူပိုင်ရှင်Where stories live. Discover now