အခန်းကျဉ်းလေးထဲသွေးတွေစွန်းနေတဲ့ ဓားတစ်ချောင်းကိုကိုင်ပြီး အရုပ်ကျိုးပျက်ထိုင်နေမိတာ တစ်နာရီလောက်ကြာခဲ့ပြီ။
" အချစ်နဲ့စစ်မှာမတရားတာမရှိဘူးတဲ့မမရဲ့မမဒါကိုသိသလား ငယ့်ကိုဖြေစမ်းပါဦး "
အသက်မရှိတော့တဲ့ခန္ဓာကိုယ်ကြီးကိုရင်ခွင်ထဲထည့်ခါမျက်နှာပေါ်ကျနေတဲ့ဆံနွယ်များကိုနားကြားလေးထဲညှပ်ပေးရင်းပေါ်လာတဲ့အေးစက်စက်နှာဖူးအားငုံ့၍နမ်းလိုက်သည်။
မမသိပ်ကိုအတ္တကြီးခဲ့တာလေငယ်ကလွဲပြီးဘယ်သူ့ကိုမှမချစ်ဘူးလို့ပြောခဲ့တဲ့မမကအခုတော့ဘယ်ရောက်သွားသလဲ။ငယ်ဖြင့်ရှာလို့ကိုမတွေ့တော့ဘူး။အရင်ကမမဘယ်ရောက်သွားသလဲမမရယ်။မမငယ့်ကိုလမ်းခွဲစကားပြောတော့ငယ်သိပ်ခံစားခဲ့ရတာမမရဲ့။မမအရင်ကောင်မလေးပြန်လာလို့မမသူ့ဆီပြန်သွားမယ်ဆိုတာမျိုးကလေ...ငယ်အိပ်မက်ထဲတောင်ထည့်မမက်ဖူးဘူးမမရဲ့။အခုတော့မမဘာတက်နိုင်သေးလဲ...မမသွားချင်တဲ့အရင်ကောင်မလေးဆီမ မမသွားနိုင်တော့ဘူးမို့လား။မမကငယ့်အတွက်မှမဟုတ်ရင်မမကိုငယ်သတ်ပစ်ဖို့လည်း၀န်မလေးဘူးဆိုတာမမသိဖို့ကောင်းတယ်။ငယ်အတ္တကြီးတာမှန်တယ်မို့လားဟင်...ငယ်မမကိုအပိုင်လိုချင်တယ်လေ။
အေးစက်နေတဲ့လက်လေးကိုကောက်ကိုင်လိုက်ပြီးဖွဖွလေးအနမ်းချွေနေမိ၏။ငယ်ရုတ်တရက်ငုတ်တုတ်ထိုင်နေရာကထထိုင်လိုက်ပြီးအိပ်ခန်းထဲသွားလှဲနေလိုက်သည်
" မမ...မမရေ... "
ဪ...မမကထမလာနိုင်တော့ဘူးပဲ။
အသက်မရှိတဲ့ခန္ဓာကြီးကိုပွေ့ချီရင်း အိပ်ခန်းထဲကို၀င်ခါအိပ်ယာပေါ်ဖြည်းဖြည်းချင်းချပေးပြီး ဆောင်ခြုံလေးလိုက်သည်။အိပ်နေတဲ့လူတစ်ယောက်လိုပဲမမကအသက်မရှိတာတောင်အရမ်းလှတယ်။မမဘေးမှာ၀င်လှဲရင်း....
ငယ်ကလေ မမ မရှိပဲမအိပ်တက်တာမမ မသိဘူးလားမမရဲ့။ညညဆိုမမရဲ့ဟောဒီ့လက်ချောင်းသွယ်သွယ်တွေကိုသိပ်လွမ်းတာ။မမရဲ့ဟောဒီလက်ချောင်းသွယ်သွယ်တွေကိုပဲငယ့်အတွင်းသားတွေကတောင်းတနေခဲ့တာမမရဲ့။
အေးစက်နေတဲ့လက်ဖမိုးလေးကိုမျက်နှာပေါ်အပ်ခါရင်ခွင်ထဲအသက်မဲ့ခန္ဓာကိုယ်ကြီးကိုထည့်ခါပွေ့ဖက်ထားမိသည်။
" မမအရမ်းအေးနေတာ။ငယ်ကိုယ်ငွေ့ပေးမယ်နော် "
အသက်မဲ့အလောင်းကြီးကိုဖက်ရင်း ငယ်တစ်ယောက်လည်း အိပ်ဆေးတွေသောက်ခါ ငယ့်မမဘေး၌တစ်ဘ၀စာအိပ်ပျော်သွားတော့သည်။
U r Lunna
January 14,2022#ᴍɪɴ_ᴀ_ᴛʏᴀᴛ