Zawgyi //
" အစ်ကို ... အစ်ကို မိုရာ့ဆီကို တကယ်ရောက်လာတယ် "
အိမ်တံခါးဖွင့်ပြီး ဝမ်းသာအားရစွာပြောလာတဲ့ မိုရာ့မျက်ဝန်းတွေက ကြည်လဲ့လဲ့ ။
" မိုရာ့မိဘတွေရော.."
လက်ထဲက ပန်းစည်းကို မိုရာ့ဆီကမ်းပေးရင်း အိမ်ထဲကိုအရင်ဝေ့ဝဲအကဲခတ်ကြည့်မိသည် ။
" အိမ်မှာ မိုရာတစ်ယောက်တည်းရှိတာပါ အစ်ကို ။ ဒါကြောင့်မို့ အစ်ကို့ကို မိုရာဖိတ်လိုက်တာပါ "
" ဘယ်လို "
မျက်မှောင်ကြုတ်ကာကြည့်လိုက်တော့ မိုရာကမျက်နှာပျက်ကာ ပြာပြာသလဲရှင်းပြသည် ။
" မိုရာ့မွေးနေ့မှာ ဘေးမှာဘယ်သူမှရှိမနေတော့ အားငယ်လို့ အစ်ကို့ကို ဖိတ်လိုက်တာလို့ပြောတာပါ ။ လာပါ ဟင်းတွေအေးကုန်တော့မယ် "
လက်မောင်းကိုချိတ်ဆွဲကာ အိမ်ထဲအတင်းခေါ်သွင်းတဲ့ မိုရာ...
စဉ်းစားကြည့်တော့ မွေးနေ့မှာဘယ်သူမှအနားမရှိတော့ သူမလည်း အားငယ်ရှာမှာပေါ့ ။ အစ်ကိုတစ်ယောက်အနေနဲ့ ဖိတ်ခေါ်တာကို သူကသံသယအတွေးတွေနဲ့တော့ တွေးမနေသင့်ဘူးလို့ သူထင်တာပဲ ။ ဒါကြောင့်ပဲ အလိုအထိုက်နေပြီး အဖော်ပြုပေးဖို့ကို တွေးလိုက်မိသည် ။
" မိုရာ ဝိုင်သွားယူလိုက်ဦးမယ် အစ်ကို "
" နေတော့ မိုရာ ။ ကိုယ် မသောက်တော့ဘူး "
" ဝိုင်ပဲကို.. မိုရာနဲ့အတူ တစ်ခွက်လောက်တော့သောက်ပေးပါနော် "
သူ ခေါင်းညိတ်ခဲ့မိပြန်ပါသည် ။
နီဆွေးဆွေးဝိုင်နီတစ်ခွက်ကို နှုတ်ခမ်းသားနဲ့တေ့ပြီးမော့သောက်နေတဲ့အခိုက်အတန့် ... သာမာန်ထက်ပိုကဲနေတဲ့ဝိုင်နီရဲ့အရသာက တစ်ကျိုက်မြိုချရုံနဲ့တင် ခေါင်းထဲမှာမူးနောက်လာခဲ့သည် ။
" ဒါ ဘာလဲ မိုရာ "
" အဟင်း.. ဝိုင်နီလေ အစ်ကိုရဲ့ "
မိုရာရဲ့စကားသံတွေကို သဲကွဲစွာ သူ မကြားရတော့ ။ ဝိုင်နီလေးမဖြစ်စလောက်သောက်ပြီး မူးတယ်တဲ့လား ။ မဖြစ်နိုင်တာ ။ အမြင်တွေပါပြားလာပြီး ခေါင်းမထူချင်လောက်အောင်မူးလာတာကြောင့် ခေါင်းကိုခါကြည့်လိုက်သည် ။ မဖြစ်တော့ဘူး သူအိမ်ကိုပြန်ရမယ် ။
YOU ARE READING
' VOW ' ( completed )
Fanfictionအမုန်းတရားဆိုတာ ချစ်ခြင်းမေတ္တာထက် နှလုံးသားထဲမှာ ပိုပြီးနေရာယူတတ်ကြတယ်မလား ။ ဘယ်လိုပဲဖြစ်ဖြစ် ဂျွန်ကတော့ သူ့နှလုံးသားထဲမှာ နေရာယူနေတော့တာပါပဲ ။ အမုန်းတရားဆိုတာ ချစ်ခြင်းမေတ္တာထက် နှလုံးသားထဲမှာ ပိုပြီးနေရာယူတတ်ကြတယ်မလား ။ ဘယ်လိုပဲဖြစ်ဖြစ် ဂျွန်ကတော့...