"ဟိတ်... ဒီမှာတစ်ယောက်ထဲဘာထိုင်လုပ်နေတာလဲ"
အဝေးတစ်နေရာကိုငေးပြီးတွေးနေတဲ့ငါ
ပခုံးပေါ်ရုတ်တရက်ရောက်လာတဲ့လက်တစ်စုံကြောင့်လန့်သွားမိတယ် လှည့်ကြည့်လိုက်တော့ သဲငယ်ပါလား"ဘာမှမလုပ်ပါဘူး ဒီတိုင်းပဲပျင်းလို့"
သဲငယ်ကဂါဝန်အဖြူ ကားကားလေးနဲ့ တကယ်လှနေတာ ငါ့ဘေးကိုဝင်ထိုင်လိုက်တယ် နှစ်ယောက်စာနေရာပဲရှိတဲ့ခုံလေးကတကယ်သေးသေးလေး ပူးကပ်နေတော့ စိတ်ထဲတစ်မျိုးပဲ ဒါဟာအခုမှမဟုတ် သဲငယ်နဲ့အတူရှိတိုင်းဖြစ်တတ်တဲ့စိတ်လေး.....
" ခွန်း မနက်ဖြန်နင်အားလားဟင် အားရင်ငါတို့စက်ဘီးသွားစီးရအောင်နော် အားတယ်မလား သွားမယ်နော်မနက်ဖြန် ငါဖုန်းဆက်လိုက်မယ်"
ဟောကြည့် တဇွတ်ထိုးလေး သဲငယ်ကအဲ့လိုပဲသူလုပ်ချင်တာဆိုလုပ်ရမှ တစ်ဦးတည်းသောသမီးမို့ နည်း"ဆိုးချင်တယ်
"အယ် နေပါအုံးသဲငယ်ရဲ့ ဇွတ်နော် ငါဘာမှလဲမပြောရသေးပဲ ဖေဖေ့ဆီကခွင့်ပြုချက်တောင်းရအုံးမယ်လေ"
"အာ့ဆိုလဲပြီးရော ဦးလေးချို မလွှတ်လဲငါမရရအောင်လာခေါ်မှာ"
"ဟုတ်ပါပြီ နင်နဲ့ဆိုဖေဖေကလွှတ်မှာပါ"
သဲငယ်ရဲ့နာမည်အရင်းကသဲယုငယ်တဲ့ သူတို့ကမိသားစုသုံးယောက်ပဲရှိတာ သူ့မိဘတွေနဲ့ရင်းနှီးတဲ့သူတစ်ချို့ကသဲငယ်လို့ပဲခေါ်တယ် ငါလဲအဲ့လိုပဲခေါ်တယ် ငါ့နာမည်က ခွန်းကြည်ဖြူ လူတိုင်းကကြည်ဖြူ လို့ခေါ်ပေမယ့် သဲငယ်က ခွန်း လို့ပဲခေါ်တယ် သူများနဲ့မတူအောင်ခေါ်ချင်လို့တဲ့လေ
~~~~~
"သဲငယ် ငါရောက်နေတာကြာပြီ နင်ဘာလို့အခုမှလာတာလဲ"
"ဆောတီးပါဟာ ဒယ်ဒီခရီးကပြန်လာလို့သွားကြိုနေတာ အာ့ကြောင့်နောက်ကျသွားတာပါခွန်းရယ် နောက်မဖြစ်စေရဘူးနော်"
"အွန်းပါ ရပါတယ်"
သဲငယ်ကအဲ့လိုပဲ ချိန်းထားရင်အမြဲနောက်ကျမှရောက်လာတတ်တယ် ဆင်ခြင်အမျိုးမျိုးနဲ့ အချိန်မလေးစားဘူး