MY ANSWER IS YOU

3.3K 253 2
                                    

MY ANSWER IS YOU

CHAPTER 2

Jun Myeon စာဖတ်ခန်းထဲမှာ စာဖတ်နေတုန်း အိမ်က အစေခံမလေးတစ်ယောက်လာပြောသွားတဲ့ စကား

တစ်ခွန်းကြောင့် ဇဝေဇဝါဖြစ်သွားရတယ် ….. မနက်ကတင် သူတို့နှစ်ယောက် စကားများခဲ့ကြတယ်လေ …..

အခုမှ သူက ဘာထကြောင်တာလဲ …… တကယ်ဆို ဒဏ်ရာကြောင့်လှုပ်လို့တောင်မရတဲ့သူက ….. မနက်က

သူလွန်သွားခဲ့တာမှန်ပါတယ် …… သူ့အနမ်းတွေကြားက ရုန်းထွက်ပြီး သူ့ကို လက်သီးတစ်ချက် ပစ်ကျွေးခဲ့တာ

လေ …… နှုတ်ခမ်းထောင့်က စီးကျလာတဲ့သွေးတွေကိုသုတ်လိုက်ရင်း သူ့ကိုပြုံးပြနေသေးတဲ့သူ့ကိုကြည့်ရင်း

နောက်ထပ်ထိုးလိုက်ချင်ပေမဲ့ ဒဏ်ရာရနေတဲ့သူကို ဒဏ်ရာထပ်မပေးချင်တော့တာနဲ့ တောက်ပြင်းပြင်းတစ်ချက်

ခေါက်လိုက်ရင်း အခန်းထဲက လှည့်ထွက်လာခဲ့လိုက်တာ ….. မနက်တည်းက ဘာမှမစားပဲ စာကြည့်ခန်းထဲမှာ

လာခွေနေတာ အခုချိန်ထိဆိုပါတော့ ….. ပြောရမယ်ဆိုရင် သူ့ကိုသိစေချင်တာလည်းပါတာပေါ့ ….. သူ တစ်ခါ

နမ်းတိုင်း ကျွန်တော် တစ်နေကုန် ဘာမှမစားတော့ဘူး …… စံအိမ်တစ်ခုလုံးကလည်း ကျွန်တော့်ကိုဆို လန့်ကြ

တယ် ….. ကျွန်တော်ဒေါသထွက်အောင်လုပ်မိရင် သူတို့အတွက် မကောင်းဘူးဆိုတာ သိနေကြတာကိုး …..

Wu Yi Fan ရဲ့အချစ်တော်ဆိုတဲ့ဂုဏ်ပုဒ်က သေးတော့မသေးပါဘူး …… တစ်ရွာလုံးမှာ ကျွန်တော့်ကိုဆို ထိရဲ

တဲ့သူ မရှိဘူး …… Wu Yi Fan ဆိုတာ ကျန်တဲ့နေရာတွေမှာ သဘောကောင်းချင်ကောင်းမယ် …… ကျွန်တော်

နဲ့ပတ်သက်လာရင်တော့ သဘောကောင်းတယ်ဆိုတာ သူ့ရာဇဝင်မှာ မရှိခဲ့ဘူး ….. ဒါကပဲ ကျွန်တော့်အတွက်

နိုင်ကွက်တစ်ခုလိုဖြစ်နေခဲ့တာလေ …… အခုလည်း ညကျရင် ဧည့်ခံပွဲလုပ်မှာမို့လို့ ပြင်ဆင်ထားပါတဲ့ ….. ရွာဆို

လို့ တောကျကျ ချောင်ကျကျနေရာတော့လည်း မဟုတ်ပါဘူး …… နန်းမြို့တော်ကနေဆို ရွာကိုနေ့တစ်ဝက်

MY ANSWER IS YOUOù les histoires vivent. Découvrez maintenant