အပိုင်း(၅)

1.4K 157 19
                                    

[Unicode]

"နမ်ဂျွန်းရေ!! ဒီကိုခနလာဦး..."

"ဘာလဲဗျာ..."

"အဲ့ဖုန်းကြီးကို လက်ထဲကချပြီး ဒီမှာကလေးကို လာထိန်းပေးထားဦး ဘောင်းဘီဝတ်ပေးမလို့ကို အဝတ်မခံပဲ ကော့ကော့ထိုးနေလို့.."

"ကျွန်တော် မကိုင်..မကိုင်ရဲဘူးလေဗျာ.."

ဟုတ်ပါသည် ထိုပိစိပေါက်စ နီတာရဲဘဝကတည်း ကင်နမ်ဂျွန်းတစ်ခါမှ လက်ပေါ်မတင်ဖူးပါ
အကြောင်းမူကား အသည်းယားလွန်နေခြင်းဖြစ်သည် ကလေးသေးသေးလေးအား မချီတတ်တာက တစ်ကြောင်း လက်ထဲရောက်လျှင် စိတ်မထိန်းနိုင်ဘဲ ဖျစ်ညှစ်မိလိုက်မည်ကို စိတ်ပူတာက တစ်ကြောင်း ထိုအကြောင်းအမျိုးမျိုးကြောင့် အဝေးကပဲ အသည်းယားခဲ့ရတာ အခုဆို ခြောက်လပင်ကျော်ချေပြီ

"ဘာဖြစ်မှာမို့လို့လဲ လာ သေချာကိုင်..."

မင်ယွန်းဂီမှ ပြောပြောဆိုဆိုပင် နမ်ဂျွန်းလက်ကို ဆွဲယူကာ ကလေးပေါ် တင်ပေးလိုက်သည်

"အဲ့.....ခစ်ခစ်..."

"တွေ့လား ကလေးက မင်းကို သဘောကျတယ် ဘယ်တုန်းကတည်းက မင်းချီတာ ခံချင်နေလဲမသိဘူး.."

ကင်မ်နမ်ဂျွန်းမှာတော့ ဘာမှမပြောနိုင် သူ့အား မျက်လုံးဝိုင်းများဖြင့်ကြည့်ကာ တခစ်ခစ်ရယ်နေရှာသော ကလေးကို အချစ်ရည်ရွှမ်းသော အပြုံးများ ပြုံးပြနေလေသည်

"ပိစိက ဂျွန်းဂျွန်းကို သဘောကျတာလား..."

"ခစ်..ခစ်.."

"အို အများကြီးသဘောကျနေတာပဲ..."

ဘောင်းဘီဝတ်ပေးပြီးသွားသောကလေးကို ကုတင်ပေါ်တင်ကာ မုတ်ဆိတ်မွှေးစူးစူးများဖြင့် ဗိုက်ကို ပွတ်လေတော့ ထိုအကောင်ပေါက်မှာ စိတ်လိုလက်ရ တစ်ခစ်ခစ်ဖြင့် ရယ်ချေတော့သည်

"ပါ့....ပါး..."

"ဟင် hyung ကြားလိုက်လား ပါ့ပါးတဲ့..."

ကလေးက အသံပိစိလေးတွေထွက်တတ်နေပြီမို့ ပါးစပ်ရှိတာလျှောက်ပြောသည်ကို သူ့ကိုပါပါးဟုခေါ်သည်ဟု ထင်ကာ အူအမြူးကြီးမြူးနေသော နမ်ဂျွန်းကို ကြည့်ပြီး မင်ယွန်းဂီပြုံးပြီး ခေါင်းတစ်ချက်သာငြိမ့်ပြလိုက်သည်

My 6 Bachelor DaddiesWhere stories live. Discover now