"ဟင်းးးး အမျိုး..ယုတ်..တွေ "
ဆိုးရွားလှသည့် အခြေအနေ ။ အသက်ရှူလမ်းကြောင်းရဲ့ ဝင်လေ ထွက်လေအား
မနည်းထိန်းချုပ်ကာ အသက်လုရှူနေရသည့် သူမအဖို့
မျက်လုံးတွေပင် ပြာထွက်နေပြီဖြစ်သည်။
စကားပြောဖို့ပင် အားအင်မှန်သမျှ ယုတ်လျော့နေခြင်းဖြစ်သည်။" ဒီကောင်မ ငါတို့ကို အမျိုးယုတ်တဲ့ ၊ လာစမ်းကွာ ၊
အမျိုးယုတ်မယုတ် ပညာပြကြတာပေါ့ "" ဟားဟား"
ထိုရဲလေးယောက်က အော်ရယ်ကာ တစ်ယောက်က သူမဦးခေါင်းထိပ် ဆံပင်
အားဆောင့်ဆွဲကာ ခေါင်းမော့စေ၏။ သူမအဖို့ သတိလွတ်တော့မည့်
အနေအထားတွင်ရှိသည်။ဖြောင်း...
သူမပါးအားခပ်စပ်စပ်တစ်ချက်ရိုက်လိုက်သည်။" ဆေး... ဆေး..ပေးပါ"
" ဘယ်ကဆေးလည်း ။ ဘာဆေးမှမရှိဘူး ။ ပါးစပ်ပိတ်ထား"
"ဟေ့ ရောဂါသည်လားမသိဘူး၊ သူက "
" ရောဂါသည်ဆိုမှတော့ မဟုတ်လည်းသေမှာ အတူတူပဲမဟုတ်ဘူးလား"
" ဟားဟား ချကွာ။ လုပ်လိုက်တော့ ငါ့ကောင်တွေ "
" ဟား မျက်နှာလှလှလေးတော့ နှမြောစရာပဲ "
လက်ထဲက ဘရိတ်ဓားအသေးကိုကိုင်ကာသူမမျက်နှာနားသို့ တိုးရွှေ့လာသည်။
"ဟင်းးး အောက်တန်း..စား ဟင်းးး ခွေး...မသားတွေ!!! "
အသားကုန်အော်မိသည့်စကားအဆုံး၌
" ဟာကွာ!!! "
ဗြင်းး
အသည်းခိုက်မတတ်နာလွန်းလှသည်။
ပါးတစ်ခြမ်းလုံးအား ဘရိတ်ဓားဖြင့် ခြစ်ခြလိုက်သည့်အခါ
သွေးစိမ်းများကမြင်မကောင်းလောက်အောင်စီးကျလာ၏။
ခြစ်ချလိုက်သည့် အားက တစ်ခြမ်းလုံးထိုးဖောက်သွားသည်ဟုပင်
ထင်ရလောက်အောင် ကွဲထွက်သွားပြီဖြစ်သည်။
ဝတ်လာခဲ့သော အဖြူရောင်အကျီလေးဟာလည်း
ယခုတော့ သွေးရောင်များနှင့်ပင်ဖုံးလွှမ်းနေခဲ့ပြီ။
သတိလက်လွတ်နီးပါးဖြစ်ကာ ပြိုလဲကျမည့်အချိန်တွင် အနောက်မှ
ရဲတစ်ယောက်က ပခုံးနှစ်ဖက်အား ထိန်းထားရင်း
တစ်ခါထပ်မံ ဆံပင်များက ဆောင့်ဆွဲကာ ခေါင်းမော့စေပြန်ပါသည် ။
YOU ARE READING
" မန်းတောင်ရိပ်ခို " ( COMPLETED )
Dla nastolatków" နန်းဒေဝီနွေ ၂၀၀၃-၂၀၂၂ အသက် ၁၈ တွင်ကွယ်လွန်သည် "