Part [ 9 ]

466 43 6
                                    


မနက်စောစောအလုပ်ခန်းထဲဝင် ခေါင်းနှစ်ထားမိသဖြင့်အပြင်က မေမေဝင်လာသည်ကိုစည်းသတိမထားဖြစ်ခဲ့ပေ။စည်းဘေးနားက ကော်ဖီခွက်ကို ကိုင်ကာတစ်ငုံလောက်သောက်ပြီးချိန် ပန်းအိုးလေးတစ်လုံးနှင့်ဝင်လာသည့်မေမေ့ကိုတွေ့မှ စည်းအချိန်ကိုသတိထားမိ၏။အချိန်တောင်တော်တော်လင့်နေပြီဖြစ်သည်။

“ သား အောက်ထပ်မှာ ဂျက်စမင်စောင့်
နေတယ် ”

ကိုင်လာသော ပန်းအိုးကို မှန်တံခါးဘောင်ဘေးတစ်‌နေရာတွင် ထားရင်းဆိုလာသည့်
မေမေ။ခုတလော စည်းနှင့်ရှယ်ယာစပ်တူဝင်
ခွင့်ပေးခဲ့သဖြင့် ဂျက်စမင်ဘက်ကစည်းတို့အပေါ် ပို၍ရင်းနှီးမှုရှိလာထင်ပါ၏။စည်းတို့
အိမ်ဆီ မကြာခဏဆိုသလိုရောက်လာတတ်
ကာ မေမေနှင့်လည်းရင်းနှီးနေတတ်၏။

“  သားဆင်းတွေ့လိုက်ပါ့မယ် ”

“ သားတို့ တစ်နေရာရာများသွားဖို့ ချိန်းထားသလား ”

“ တမင်ချိန်းထားတယ်လို့လည်းမဟုတ်ပါဘူး ဒီနေ့သားပိတ်ရက်မို့ ဂျက်စမင်က သွားစရာရှိတယ်ဆိုပြီး အကူအညီတောင်းထားရုံပါ ”

စားပွဲပေါ်မှ စာရွက်တချို့ကို စည်းသပ်သပ်ရပ်ရပ်အထပ်လိုက်စီလိုက်သည်။မပြီးသေး
သောစာရွက်များနှင့်ပြီးသွားသောအလုပ်များ ကိုတစ်ပုံစီခွဲပြီး ထားလိုက်သည်။စည်း၏အလုပ်ခန်းထဲအိမ်အကူများဝင်ခွင့်မ
ပေးထား။စေ့စပ်သေချာသူဖြစ်တာကြောင့် မေမေတောင် စည်းအလုပ်အခန်းထဲသိပ်ဝင်လေ့မရှိပေ။စားပွဲပေါ်ရှိစာရွက်များ သူ့နေရာနှင့်တူ စီစဉ်ပြီးသည့်နောက် တစ်ဖက်သို့လှည့်လိုက်ချိန် မေမေတစ်စုံတစ်ခုပြောသည်ကိုကြားလိုက်ရ၏။

“ အင်း ကူညီပေးလိုက်ပါ မိန်းမသားနှစ်ယောက်တည်းဆိုတော့ တတ်နိုင်သလောက်လေး စောင့်ရှောက်ပေးလိုက်ပါ ဂျက်စမင်လေးကသိမ်သိမ်မွေ့မွေ့လေးနဲ့ လိမ္မာရေးခြားလည်းရှိ.. မေမေတောင်သဘောကျတယ်
အဟင်းဟင်း ”

မေမေ့စကား၏အသွားအလာကို စည်းကြိုမြင်နေသဖြင့် ဘာမှမပြောဘဲ မသိချင်ယောင်ဆောင်ထား၏။စည်းတို့လုပ်ငန်းထဲ
ရှယ်ယာဝင်ချင်ကြောင်း အကူအညီတောင်း
ကတည်းက မေမေက ပိုပိုလိုလိုလိုက်လျော
ပေးချင်ခဲ့သည်လေ။စည်းကိုယ်တိုင်ကလည်း
နဂိုကမှ အခက်လုပ်တတ်သည့်လူစားမျိုးမဟုတ်တော့ အလွယ်တကူပင်ခွင့်ပြုခဲ့သည်။
ထိုအချိန်ကစ၍ ဂျက်စမင်လည်း စည်းတို့မိသားစုကို သိသိသာသာရင်းနှီးအားကိုးပုံရ ခဲ့သည်။

★Mr.Right★ [ Completed ]Where stories live. Discover now