Unicoad
"မ..ဝေလေးကိုစောင့်ကြည့်နေလိုက်တော့ သူမနိုးသေးဘူး ကျနော်သွားတော့မယ်"
MINအခန်းတံခါးကနေ့ထွက်ဖို့လုပ်လေတော့
"MIN ကျေးဇူးပါ ပြီးတော့ ငါတောင်းပန်ပါတယ် မင်းဆေးရုံဆင်းတာတောင်မကြာသေးပဲငါက"
"ဘာမှမဖြစ်ပါဘူးမ ကျနော် အဆင်ပြေ ပါတယ် ကျနော်သွားတော့မယ် "
"အင်း ဂရုစိုက်"
MINခေါင်းငြိမ့်လိုက်ပြီးထိုအခန်းကနေ့ထွက်ခွာလိုက်သည်
ဧကရီသည်ကုတင်ပေါ်မှာလဲနေတဲ့ကောင်မလေးရဲ့ဘေးမှာထိုင်လိုက်သည်
ဝေလေးခေါင်းလေးရမ်းလာပြီး မျက်လုံးတို့ပွင့်လာသည် ဝေဝါးနေတဲ့ မျက်ဝန်းထဲမှ ပထမဆုံးမြင်ရသူကတော့ ဧကရီ
"မမ...သမီးတောင်းပန်ပါတယ် သမီးအပြင်ခိုးထွက်မိတာကြောင့်.ဟင့်"
"တိတ်တော့ ဒါကိုမေ့ပေးမယ် နေကောင်းအောင်နေရမယ်နော်"
ဝေလေး ခါးမတ် ထလိုက်ပြီး နောက်က ကုတင်နံရံကို ကျောကပ်လိုက်ကာ ဧကရီရဲ့ လက် ကို မကိုင်ပြီး
"ဟုတ်..မမ..သမီးသိပါပြီ သမီးဗိုက်ဆာတယ်"
"အင်းကိုယ် မှာပေးမယ် "
ဧကရီ ဖုန်းထုပ်လိုက်ပြီး ဧကရီ့ရဲ့ လူယုံတစ်ယောက်အား ဖုန်းဆက်ပြီး ကြ က်သားဆန်ပြုပ် မှာလိုက်သည်
"မမ...သမီးအိမ်ပြန်ချင်တယ်"
"မပြန်ရဘူး...ကိုယ့်ကိုအဲ့တာမတောင်းဆိုနဲ့"
"မဟုတ်ဘူးလေ ခဏပဲ လေ မမနဲ့ ပြန်လာနေမှာ ပဲကို"
"မရဘူးတော်ပြီ ကိုယ် အိမ်မပြန်ချင်လို့ပါ... "
"ဟုတ် မသွားတော့ပါဘူး"
ထိုအချိန် ကြက်သားဆန်ပြုပ် လာပို့တဲ့ လူယုံတစ်ယောက်
"Boss. .ဆန်ပြုပ်ရပြီ"
"အင်း ဒီပေး သွားတော့"
"ဟုတ်ကဲ့boss"
ဧကရီ သည် ဆန်ပြုပ်ကို ပန်းကန်ထဲထည့်ပြီးဇွန်းလေးနဲ့ အပူကျအောင်စွမ်းဆောင်ကာဇွန်းနဲ့ခပ်လိုက်ပြီး
အနည်းငယ်မှုပ်လိုက်သည်
YOU ARE READING
The love story of a weak girl
General Fictionပျော့ညံ့တဲ့မိန်းကလေးတစ်ဦးက မမဆီ့မှာ ပဲနေရမလား ထွက်ပြေးသွားမလား..မမကဘယ်လိုချုပ်ကိုင်ပြီးအချစ်ကိုရယူမလဲဘယ်လိုတွေပြသနာတွေနဲ့ကြုံရမလဲဆိုတာဆောင့်ကြည့်ပါ bdsm ဖြစ်သလို 🌚🌚မှောင်ပါမယ်