2017 Aug 1ရက်နေ့ကနေစပြီး အလုပ်ဝင်ခဲ့တဲ့ ကျမက Oct ရောက်တော့ uni exam
အတွက် ခွင့်၂ပတ်ယူရတယ်
4ဘာသာ အရင်ဖြေပြီး ၂ရက်ပိတ် 2ဘာသာ
ဆက်ဖြေ အဲ့လိုနဲ့ စာမေးပွဲပြီးတော့
3လခွဲလောက် ကျောင်းပိတ်ရက်ရတယ်
ခွင့်ရက်မကုန်သေးတဲ့အချိန် ကျမ သူငယ်ချင်းတွေနဲ့ လျှောက်လည် မုန့်စား
ရုပ်ရှင်ကြည့် shopping ထွက်တယ်
အရမ်းကိုပျော်ခဲ့ရတဲ့အချိန်လေးတွေကို
သူငယ်ချင်းကောင်းတွေကြောင့် ရနိုင်ခဲ့တာပါရုံးပြန်တက်တော့ ကျမတို့ team ကလူတွေက အငယ်ဆုံးလေးကျမကို သတိရနေတဲ့အကြောင်း ပြောကြတယ်လေ ကျမ မရှိရင် ပျင်းလို့တဲ့ အမြဲ ရုံးတက်ချိန်အတူမရောက်
ရင်တောင် ရုံးတူတူဆင်းတဲ့ မမ may zin
ကတော့ အလွမ်းခဲ့ဆုံးပါတဲ့
ကျမလည်းအလုပ်ပြန်ဝင်တော့ ပျော်နေတယ်
အသစ် သင်စရာရှိတာတွေ သင်ယူပြီး
Ko kenji အတွက်လည်း ဘာသာပြန် လုပ်ပေးရတာပေါ့
monday ဆိုအမြဲ meeting ရှိတာကြောင့်
စောစောသွားရတယ်လေ
ကျမ အိမ်ကနေ မနက် 7am ထွက်ပြီး တခါတလေ မြို့ပတ်ရထားစီး တခါတလေ YBS စီးပြီးသွားတာ တကယ်တော့ ရထားက ပိုမြန်ပြီး လမ်းကြောင်းရှင်းတယ် ကားကတော့
လူကျပ်ပြီး လမ်းပိတ်တတ်တယ်ကျမ အလုပ်မှာ excel အပြင် တခြား အလုပ်တွေကိုပါ တဖြည်းဖြည်း order team အမတွေ ဆီကနေသင်ခဲ့ရတယ် အထူးသဖြင့်
ဖုန်းပြောတာနဲ့ products တွေအကြောင်းပါ
ရုံးက လူကြီးတော်တော်များများ စေတနာ
ကောင်းတာမလို့ မွေးနေ့တို့ အလှူတို့ ခဏခဏ လုပ်ပေးကြတယ် မုန့်တွေလည်း
ကျွေး မုန့်ဖိုးလည်းပေးကြတာပေါ့နောက် 2လကြာတော့ general manger
လူကြီးက ဝန်ထမ်းတွေအတွက် အပန်းဖြေ
ခရီး ချောင်းသာကို သွားဖို့ စီစဥ်ပေးတယ်
တစ်ယောက်ကို ၃သောင်းအပြင် ပိုမပေးရဘူး
ကားရော တည်းခိုခန်းပါ အပြီးအစီး လုပ်ပေးထားတာ စားစရိတ်နဲ့ လက်ဆောင်ဝယ်ဖို့
လောက်ပဲ ယူခဲ့ရင် ရတယ်တဲ့လေ
ခရီးသွားရမယ့်နေ့ ညနေပိုင်း လူကြီး အိမ်ကို
သွားရတယ် အမတွေကတော့ ရောက်နှင့်နေပြီ ကျမရောက်တော့ ကားလာဖို့ အချိန်လိုသေးတာမလို့ 24hrs mart လေးထဲဝင်ပြီး
spicyခေါက်ဆွဲနဲ့ Pepsi ကို မမ may zin နဲ့အတူဝယ်ကြတယ် ပြီးတာနဲ့ လူကြီး အိမ်ပြန်သွား ရေနွေးယူပီး လုပ်စားဖြစ်ခဲ့တယ်