UniCode
ညှိုးအပေါ် စိုးရိမ်ပူပန်နေသော ထိုလူသားလေးနှင့်အကြည့်ချင်းဆုံနေစဥ်တွင် ထိုသူ့နဘေးအလျင်အမြန်ရောက်လာသူက သူ့သက်ဆိုင်သူ ထို့ကြောင့်ပင် ညှိုးကိုယ်တိုင်က အသိတရားဝင် စောစီးစွာ အကြည့်လွှဲရမည်က ညှိုးဝတ္တရားသာ
"မမသွယ်က ဆေးရုံ ဘယ်တော့ဆင်းရမှာလဲ"
"မသိသေးဘူးကွယ် မမမိုးကညနေမှလာမှာဆိုတော့"
"ဒါဆို ညှိုးဘာမှမစားရသေးဘူးလား"
မောင်ကအလျင်အမြန် သောကကြီးစွာမေးသူကြောင့် ညှိုးပင်သူ့သက်ဆိုင်သူအားတုန့်အားနာဖြစ်ရသည်
"ခွဲစိတ်ထားတော့မနက်ဖြန်မှပဲအရည်စသောက်ရမှာ"
မောင်ဟာတစ်ခါတစ်လေတော့လဲရဲတင်းလွန်းသူ
"အော် အင်း"
"ဒါဆိုကိုကို ချစ်တို့ပြန်မယ်လေ မမသွယ်လဲနားပါစေ"
သူ့သက်ဆိုင်သူလေးဟာ လိမ်မာပါးနပ်စွာပဲ မောင့်အားတို့ထံမှ ဆွဲထုတ်ခေါ်ငင်နိုင်သူ
× × ×
မနက်စောစီးမှာပင် လူတစ်ယောက်က VIP အခန်းသို့ လဲခိုင်း၍ဆိုပြီးလျှင် မိမိမသိပါဘဲ နိုးနိုးချင်းပြောင်းလဲရသော အခန်းပုံစံမှာတော့ အခန်းကျယ်ကျယ် Air conသာမက ဧည့်ခန်းသဖွယ်အပြင်အဆင်တွေကြောင့် မည်သူပါလိမ့်ဟုတွေးဆ၍ပင်မရနိုင်သည်အထိ"ညှိုး နိုးပြီလား ညှိုးအတွက် ကြက်ပေါင်းမောင်ဝယ်လာတယ်"
အသံပြုသူကြောင့် ထထိုင်ဖို့ လုပ်မိသည့် မိမိ၏အပျော်က အတိုင်းအဆမဲ့
"ဖြေး ဖြေး မောင်လာမှာပေါ့ကွာ"
ခြေလှမ်းကြဲတွေနဲ့ ကုတင်နားကို ဦးတည်၍ ထူမရုံသာမက ထိုင်ရအဆင်ပြေအောင် ခေါင်းအုံးလေးအား နံရံ၌မှီပိုး၍ မှီစေသည် ထိုလူသားလေး၏ဂရုစိုက်မှုတစ်ခုစီကြည့်ရင်း မိမိမှာဆွံ့အ ငေးမောနေရသည်အထိပင်
"ညှိုး ဒီအခန်းမှာဆိုတာ ဘယ်လိုသိ ဒါမှမဟုတ်..."
တွေးဆ၍မဆုံးခင်မှာပင် ပြုံးယောင်သန်းကာ ခေါင်းလေးငြိမ့်လာသူကြောင့် ကိုယ့်မှာပျော်သည်ကနဲနဲဝန်ထုပ်ဝန်ပိုးဖြစ်စေမည့်စိတ်ကလေးက အလေးသာမိသည်
CZYTASZ
"ညှိုး"(BL) Complete
Krótkie Opowiadania"အခြောက်တစ်ယောက်ကို နင်ကြိုက်နေတာ မရှက်ဘူးလား ကြွယ်ဝထက်သာ" မြစိမ်းမိုး "ညှိုး"ကခပ်ယဲ့ယဲ့လေး အမြဲပြုံးတတ်ပြီး သူ့ရဲ့အားနည်းမှုတွေကို မာန်မာနလေးတွေနဲ့ကာဆီးထားတတ်သူပင် "ညှိုး"ကယုံကြည််မှုရှိဟန် ဆောင်နေသည့် အခ...