"ချစ်ခဲ့ပါသည် သို့ပေမယ့်"

26 7 0
                                    

"ငါတို့ကသူငယ်ချင်းတွေလေ"တဲ့

အဲ့စကားလေးနဲ့ ငါ့အချစ်တွေကိုအမြဲပုတ်ချခဲ့တဲ့သူမ

"အေးပါဟာ"ဆိုတဲ့ ခပ်ပြုံးပြုံးပြောလာတဲ့ငါ့စကားလေးရဲ့နောက်ကွယ်ကဝဲတတ်လာတဲ့မျက်ရည်တွေနင်မမြင်ခဲ့ဘူးမလား

"တကယ်လို့ငါတို့ချစ်သူတွေဖြစ်သွားခဲ့ရင်" ငါအဖန်တလဲလဲပြောခဲ့တဲ့စကားပေါ့

"နင်ကသိပ်ရူးတယ်"တဲ့ ငါ့စကားမဆုံးသေးဘူး အမြဲလှောင်ရယ်ပြီးပြောတဲ့နင့်ကိုငါမမုန်းရက်ပါဘူး

ငါ့အပေါ်ထားတဲ့ သူမစိတ်ကိုသိရဲ့သားနဲ့ တကယ်လို့ တကယ်လို့များ ဆိုပြီးအမြဲမျှော်လင့်ချက်လေးတွေထားခဲ့မိတယ်

တစ်နေ့တော့ငါအချစ်တွေ သူမြင်လာမှာပါ ဆိုပြီးတော့ပေါ့

"သဲရေ ငါတို့မုန့်သွားစားရအောင် အပြင်မသွားရတာကြာပြီလေ"

သူကသဘောရိုးနဲ့ခေါ်လိုက်တာပါ သူငါ့ကိုအဲ့လိုခေါ်ရင် သိပ်သဘောကျတာ ဘာရယ်မဟုတ် ကျေနပ်ပြီးပြုံးနေမိခဲ့တယ်

"အင်း သွားကြမယ်လေ"

နင်ပျော်ရင်ဘာမဆိုလိုက်ရောပေးတဲ့ ငါ့ကိုနည်းနည်းလေးတောင် ချစ်စိတ်မဝင်မိဘူးလားဟာ

အရူးမလေးကငါ့အပေါ်ဆိုသိပ်အနိုင်ယူတာ ငါကလဲသူဆိုးသမျှနားလည်ပေးတယ်လေ

"ဟဲ့ရေ သူကငါ့ကိုရည်းစားစကားလာပြောတယ် "

သူမကသိပ်လှတာ သူမကိုချစ်တဲ့ကောင်လေးတွေမှအများကြီး

"ဟုတ်လား သူကနင့်ကိုတကယ်ချစ်တာသေချာလို့လားဟ"

"မသိဘူးဟာ ဒါမယ့်သူကချောတယ် ငါသူ့ကိုအဖြေပြန်ပေးလိုက်ရမလား"

"ဟဲ့ နင့်ဟာကလဲအစောကြီး နင်တို့ခင်တာမကြာသေးဘူးလေဟာ နင်ကသူ့ကိုတကယ်ချစ်လို့လား"

"ချစ်တော့မချစ်ပေမယ့် သူ့ပုံစံကိုကြိုက်တယ် ငါတွဲကြည့်ချင်တယ်သူနဲ့ တွဲတာကြာလာရင်တော့ငါသူ့ကိုချစ်လာမှာပါ"

အော် ကိုယ်မချစ်တဲ့တစ်ခြားယောက်ျားလေးတစ်ယောက်ကိုတောင် တွဲကြည့်မယ်တဲ့ တွဲတာကြာရင်ချစ်လာမှာပါတဲ့လား ငါ့ကိုရော အဲ့လိုစိတ်လေးထားပြီး ငါနဲ့တွဲကြည့်ဖို့စိတ်ကူးမရှိဘူးလားဟာ

You've reached the end of published parts.

⏰ Last updated: Jan 31, 2023 ⏰

Add this story to your Library to get notified about new parts!

ချစ်ခဲ့ပါသည် သို့ပေမယ့်Where stories live. Discover now