♕ 𝐮𝐧𝐢𝐜𝐨𝐝𝐞 ♕
ဤအပိုင်းတွင်ပါဝင်သောအကြောင်းအရာအချို့သည်အသက်(၁၈)နှစ်မပြည့်သေးသူများဖတ်ရန်မသင့်တော်ပါ
"အင်"
နှင်းဖူးအောက်နှုတ်ခမ်းလေးကိုဖိကိုက်လိုက်မိ၏။
တစ်ခါတစ်ရံခန္ဓာကိုယ်၏တုံ့ပြန်မှုများကိုဦးနှောက်ကထိန်းချုပ်ရန်အလျင်မမီလိုက်သောအခိုက်အတန့်များရှိတတ်သည်။ဤသည်လည်းထိုအခိုက်အတန့်များထဲမှတစ်ခု။
ကိုကိုသည်ပြန်ရောက်ရောက်ချင်းရေချိုးခန်းထဲသို့ခေါ်သွားကာဆေးကြောသန့်စင်ပေး၏။
ထို့နောက်ဟိုတယ်သို့ဖုန်းဆက်ကာအရောင်ကျဆေးလာပို့ခိုင်းသည်။လိမ်းဆေးတဲ့။
အဲ့သလောက်ကြီးလည်းအကျယ်ချဲ့ဖို့မလိုပါဘူးဟုပြောချင်သော်လည်းကိုကိုသည်လက်ခံမည်မဟုတ်။
"ဘာဖြစ်တာ . . . ရုပ်လေးက" ရပ်ဝန်းနေရာလေးကိုဆေးလိမ်းပေးနေရင်းကိုကိုပြုံး၍ပြောလေသည်။
တကယ်ဆိုနှင်းဖူးဘာဖြစ်သလဲဆိုတာကိုကိုကောင်းကောင်းသိပါသည်။
"တရွရွဖြစ်နေတာ" ခပ်တည်တည်ဖြင့်ကို့ကို့ကိုကြည့်ကာပြောလိုက်၏။
နှင်းဖူးအပြောကြောင့်ကိုကိုရယ်ပါတော့သည်။
"ထပ်လုပ်ရအောင်နော်ကိုကို" နှင်းဖူးတစ်ယောက်စိတ်လှုပ်ရှားစွာဖြင့်ခြေထောက်လေးနှစ်ဖက်ကိုလေပေါ်သို့ကန်လိုက်သည်။
"အရောင်ကျသွားမှ"
"ရောင်တာကမနက်ဖြန်ကျအလိုလိုကျသွားလိမ့်မယ်"
အလှဆုံးပြုံးကာပြောနေသောနှင်းဖူး၏တောင်းဆိုချက်ကိုငြင်းဆိုဖို့ဆိုသည်မှာယောကျာ်းတစ်ယောက်၏ထိန်းချုပ်နိုင်စွမ်းကိုစမ်းသပ်သောစိန်ခေါ်မှုတစ်ခုဖြစ်သည်။
နေသောလွင်မငြင်းချင်ပါ။သို့သော်။
တစ်ခါတစ်ရံဘဝတွင်ဖြစ်ချင်သည်ထက်ဖြစ်သင့်သည်များကိုဦးစားပေးရွေးချယ်ရသည်။
"အရောင်ကျသွားမှ"
"ကိုကို" ခပ်တည်တည်ဖြင့်ပြောနေသောကို့ကို့ကိုနှင်းဖူးအသံခပ်ချွဲချွဲလေးဖြင့်ပြောလိုက်သည်။
VOUS LISEZ
《 ALYA 》
Roman d'amour•𝗕𝘂𝗿𝗺𝗲𝘀𝗲 𝗢𝘄𝗻 𝗖𝗿𝗲𝗮𝘁𝗶𝗼𝗻• "ကိုကိုကဖူးအပိုင်ဆိုတာလူတိုင်းသိတယ်" ∝ နှင်းဖူးတစ်ယောက်သူမကိုအရမ်းဂရုစိုက်ပြီးအလိုလိုက်တဲ့နေသောလွင်ကိုအသက်(၉)နှစ်အရွယ်တွင်တစ်ဖက်သတ်စတင်ကြိုက်နှစ်သက်ခဲ့လေသည်။ထိုလျှို့ဝှက်ချက်ကိုနှင်းဖူးမှအပမည်သူမျှမသိ။ အချိန်...