"မိုးတွေရွာနေပြီ မေ ဒီချိန်ဆိုဘာတွေများလုပ်နေမလဲ"
သည်း"မည်း" ရွာလာတဲ့မိုးကောင်းကင်ကိုကြည့်ပြီး မိုးရွာရင်သိပ်သဘောကျတဲ့ကောင်မလေးကို တမ်းတကာတီးတိုးရေရွတ်နေမိတယ်
မိုးနှင့်အပြိုင်ပါးပြင်ထက်မှာ မျက်ရည်စတွေတသွင်သွင်စီးဆင်းလို့နေတယ် တိုက်ခက်လာတဲ့လေပြင်းတွေက ငါ့စိတ်ရောခန္ဓာကိုယ်ရောနှလုံးသားကိုပါယိမ်းယိုင်စေတယ်
"ဘာလုပ်နေတာလဲကလေး မိုးတွေရွာနေတယ်လေ ဖျားအုံးမယ်"
ပြတင်းပေါက်တွေသူကိုယ်တိုင်လိုက်ပိတ်ပြီး ငါ့ပုခုံးပေါ်လက်တစ်စုံကတွယ်ယှက်လို့ စိတ်ပူနေသည့်မျက်လုံးများဖြင့်လူတစ်ယောက်
hmm...ငါကကိုယ့်ကိုစိတ်ထဲမှာတောင်မရှိတော့တဲ့ တစ်စုံတစ်ယောက်ကိုစိတ်ပူနေတယ် ငါ့အနားကငါ့ကိုစိတ်ပူနေတဲ့လူအတွက်အားနာစိတ်တောင်တစ်စက်ကလေးမှမရှိတဲ့ငါက သိပ်တကိုယ်ကောင်းဆန်တာပဲနော်
~~~~~
"မိသော် ဟဲ့မိသော် အချိန်ကိုလဲကြည့်အုံး ရေချိုးတာအဲ့သလောက်ကြာသလား မြန်"လုပ်နောက်ကျတော့မယ်"
"ပြီးပါပြီအမေရေ ပြီးပါပြီ"
"အိပ်ရာထနောက်ကျတာနဲ့အခုအလုပ်သွားဖို့ဖယ်ရီမမှီတော့ဘူး ကဲ bus ကားပဲစီးသွားတော့"
"ထီးယူသွားအုံး မိုးမိပြီးဖျားမယ်"
"ဟုတ် ဟုတ်"
အလုပ်ကနောက်ကျနေရတဲ့အထဲအမေကပွစိပွစိလုပ်နေတော့စိတ်တွေရှုပ်ပြီးအလုပ်သွားချင်စိတ်တောင်ပျောက်တယ် ထပ်ပြီးအပြောခံရမှာစိုးလို့ဘာမှဆက်မပြောပဲအိမ်ကသာထွက်လာခဲ့တော့တယ်
Bus ကားလာပြီမို့ ကားပေါ်တတ်ဖို့အလုပ်...
"ဟိတ် ထီးကျန်ခဲ့တယ်"
ကားပေါ်ရောက်နေပြီဖြစ်တဲ့ငါ့ကိုပြေးလာပြီးထီးလိုက်ပေးရှာတာ ကားကမောင်းထွက်သွားတာမို့ ကျေးဇူးတင်စကားတောင်သေချာမပြောလိုက်ရဘူး
"တော်သေးတာပေါ့ ဒီထီးသာပျောက်ရင်အမေငါ့ကိုဆူမှာသေချာ"
နမော်နမဲ့နိုင်တဲ့ကိုယ့်ကိုကိုယ် ပါးစပ်ကပြောရင်းခေါင်းကိုထုလိုက်သေးတယ်