၁၇ /နတ်ရထားစီးတဲ့သတို့သမီး
အပိုင်း >>> ၁၇#(နေတန်ခိုးရဲ့ငယ်ဘ၀👶
သံလမ်းပေါ်မှာစွန့်ပစ်ခံခဲ့ရတဲ့ကလေးလေးတစ်ယောက်..🛤️
သူ့ဘုန်းကံလို့ပဲပြောရမလား၊အသက်ရှင်ဖို့ဝဋ်ကြွေး
တစ်ခုလို့ပဲဆိုရမလား...
တစ်ညလုံးလေပြင်းသည်းထန်စွာတိုက်ခတ်သည်။
ဒါပေမယ့်မိုးကြလုံးဝမရွာပါ။
ညဘက်ဒီသံလမ်းကဖြတ်တဲ့အမြန်ရထားကလည်း
ဒီမရောက်ခင်မှာလမ်းချော်ပြီးတိမ်းမှောက်သဖြင့်
ဒီသံလမ်းပေါ်ဖြတ်သွားတဲ့ရထားမရှိ။🚋သူတစ်ယောက်အသက်ရှင်ဖို့အများစတေးရမယ့်
ကံကြမ္မာမျိုးနဲ့မွေးလာခဲ့လေသလား???"အဖွား ဟိုမှာအထုတ်တစ်ထုတ်.ပိုက်ဆံတွေပါရင်သားတို့တော့ပွပြီ.."
"လာ လာ သွားကောက်ရအောင် ရထားလာတာ
လည်းကြည့်"
"ဒီနေ့ရထားမလာပါဘူးဆို အဖွားရ"နံနက်ဝေလီဝေလင်းအချိန်ထပြီးဘူတာလမ်းကဖြတ်ကာအမှိုက်ကောက်ပြီး ရောင်းစားတဲ့မြေးအဖွား၂ယောက်ကတွေ့ပြီး ...
"ဟင် အဖွား ကြည့်ပါအုံး.ဒါကလေးလေးပဲ"
"ဟယ် လုပ်ရက်လိုက်ကြတာ ဘယ်လိုလူတွေကများမွေးကင်းစကလေးလို ရထားကြိတ်အောင်သံ
လမ်းပေါ်လာပစ်ထားရတာလဲ .. စာနာစိတ်မရှိကြပါလား..
အို အေးစက်နေတာပဲ..အသက်မှရှိသေးရဲ့လား."အဲ့..အဲ့..
တစ်ညလုံးငိုထားရလို့အသံကအဲ့ အဲ့သာထွက်တော့သည်။
"အဖွား သူငိုနေတယ် .. အဖွားသူ့ကိုသားတို့အိမ်
ခေါ်မွေးရအောင်နော်.."
"ဟဲ့ ဖိုးလုံး...""လုပ်ပါ အဖွားရဲ့
ဒီမှာအဖွားကြည့် သူကသားလိုပဲ ..သူ့မှာ**လေးပါ
တယ်.. သားညီလေးရပြီပေါ့.."
"အေးပါ အေးပါ ဒီကောင်လေးနှယ်
နင်ထမင်းလျှော့စားရမှာနော် ...""အဖွားကလည်း ညီလေးကထမင်းဘယ်လိုလုပ်စားမှာလဲ ..အေးမတို့အိမ်ကညီမလေးဆိုသူ့အမေနို့ပဲစို့တာတဲ့..
ညီလေးမှာအမေမရှိတော့။အဖွားတိုက်လို့ရတယ်
မှတ်လား.."
"ဟဲ့ နို့ဆိုတာ ကလေးမအေမှထွက်တာ ဖိုးလုံးရဲ့.."
"ဟင် အဖွားမှာမထွက်ဘူးလား ..
ူသားသိပြီ။ဒါဆိုညီလေးကိုဖြူမဆီခေါ်သွားရင်ရတယ် သူ့မှာကလေးတွေအများကြီးရှိတယ် .."
![](https://img.wattpad.com/cover/298714467-288-k211266.jpg)
YOU ARE READING
နတ်ရထားစီးတဲ့သတို့သမီး {Complete}
Romanceနာမည်ကျော်ကြားလူကြောက်များတဲ့.. ထိပ်တန်းgroupရဲ့Ceo "သူကno mediaပဲ..သူ့သတင်းတွေ အားလုံးကလျှိဝှက်တယ်၊သူထွက်လာ တိုင်းဘေးမှာဘော်ဒီဂတ်တွေအများကြီး နဲ့မို့ဓာတ်ပုံတောင်ခိုးရိုက်လို့မရဘူးတဲ့" "သူ့ရန်သူမှန်သမျှနှစ်ရက်ထပ်ပိုပြီးအသက်မရှည်ကြဘူးတဲ့.." ဤကဲ့သို့သ...