ep 1

1.6K 63 10
                                    

                          [ Unicode]

ရောင်စုံပန်းပေါင်းစုံများက အပြိုင်အဆိုင်အလှကိုယ်စီဖြင့်ဝံ့ညားစွာအစွမ်းကုန်ဖူးပွင့်လှပနေကြသည်။မွှေးရနံ့သင်းသင်းက လေညှင်းသွဲ့သွဲ့နှင့်အတူ ဆွတ်ပျံ့မွှေးကြိုင်နေသည်။တိမ်စိုင်တိမ်ငွေ့သဖွယ်အခိုးအငွေ့တွေကလည်း လျှောက်လှမ်းနေသော အဖြူရောင်ဝတ်ရုံဖြူအောက်တွေ ခြေလှမ်းအလျောက် ရွေ့လျားသွားကြသည်။လျှောက်လှမ်းနေသော ခြေလှမ်းကျဲကျဲက ရွှေပုလ္လင်တစ်ခု၏
အရှေ့တွင် ရပ်တန့်သွားသည်။ထိုပုလ္လင်၏ရှေ့တွင်တော့ မီးခိုးရောင်ဝတ်ရုံဝတ်ဆင်ထားသော လူတစ်ဦးကကျောပေးရပ်နေသည်။

"အကြီးအကဲမု၊...ကျွန်တော့်ကိုခေါ်တယ်ဆို"

ချိုသာသည့်အသံစူးစူးလေးက အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသောလူငယ်တစ်ဦးဆီမှ ထွက်ပေါ်လာသည်။
လှည့်ကြည့်လာသောမုတ်ဆိတ်နှင့်လူထံမှ ပြင်းထန်သော အရှိန်အဝါဖိအားတစ်ခုကို ထိုလူငယ်ခံစားနေရသည်။

"မင်းတာဝန်ထမ်းဆောင်ဖို့အချိန်ကျပြီ။ရော့...ဒီတာဝန်အတိုင်းပြီးမြောက်အောင်ဆောင်ရွက်ခဲ့။ကျရှုံးရင်အပြစ်ဒဏ်သင့်မယ်။အောင်မြင်ခဲ့ရင်နတ်သက်တမ်းတိုးမယ်"

ဝတ်ရုံဖြူဝတ်ထားသောလူငယ်မှာနားလည်သဘောပေါက်ကြောင်းခေါင်းတစ်ချက်ညိမ့်ပြလိုက်သည်။ကမ်းပေးလာသော ဝါကျင့်ကျင့်စာရွက်လိပ်လေးကိုလှမ်းယူပြီးနောက် ဉီးညွှတ်အရိုအသေပေးကာ ထိုနေရာမှ ထွက်လာခဲ့လိုက်သည်။
ဒါက သူ့ရဲ့ပထမဆုံး တာဝန်ပဲဖြစ်သည်။
သူ့ရဲ့တာဝန်က ဘာများဖြစ်လိမ့်မလဲ။သူအရမ်းသိချင်စိတ်ပြင်းပြနေပြီဖြစ်တာကြောင့် နည်းနည်းလေးတောင် အချိန်မနှောင်းနှေးချင်တော့ဘူး။
ထိုအမိန့်စာကို ဖြန့်ကြည့်ရန်အလို့ငှာ သူ၏နေရပ်အဆောင်ရှိရာဆီသို့ အလျှင်အမြန်ပြန်လာခဲ့လိုက်သည်။
အဆောင်တော်အရှေ့ရှိ မက ် မွန်အပင်ကြီးအောက်တွင်ရှိသော ကျောက်စားပွဲတစ်ခုတွင် ဝင်ထိုင်လိုက်သည်။ သူ၏လက်ထဲရှိစာရွက်အလိပ်ကို ဖြန့်လိုက်သည်နှင့်တပြိုင်နက် အလင်းရောင်ခပ်စူးစူးက ပေါ်ထွက်လာပြီးနောက် ရွှေရောင်စာလုံးများ အဖြစ်ပြောင်းလဲသွားသည်။

Cupidဖန်တီးတဲ့ဖူးစာWhere stories live. Discover now