Ch 12

5.5K 482 17
                                    

ဂျီဟျွန်းထံမှထွက်ပေါ်လာသော တောက်ခေါက်သံ ခပ်ကျယ်ကျယ်ကြောင့် အခန်းထဲမှ ကလေးအချို့၏ မျက်ဝန်းလေးများက သူ့ထံ ဝဲခနဲ။ဒါလဲ သူဂရုမထားမိ။သူ့မြင်ကွင်းထဲတွင် ဆန်းဝူကို တွန်းလိုက်သည့် ကောင်လေးကိုသာ စူးစိုက်ကြည့်နေမိသည်။

တစ်ဖက်မှာလဲ

"-ီးမို့လား...လူတစ်ယောက်လုံးတောင်မမြင်အောင် ဘယ်လိုလျှောက်နေတာလဲ..."

ဆန်းဝူတစ်ယောက် ယွန်းဟွာကို အသာဖယ်ရင်း သူ့ကိုတွန်းမိသည့်ကောင်လေးကို ထဆဲမိသည်။ထိုကောင်လေးသည် အခြားအတန်းထဲမှ ကောင်လေးဖြစ်ကာ ယွန်းဟွာကိုကြိုက်နေသူလဲဖြစ်သည်။ယွန်းဟွာနှင့်နီးကပ်နေတတ်သော ဆန်းဝူကို ဒေါသထွက်၍ ဆောင့်တွန်းမိရာမှ ယွန်းဟွာကို ဆန်းဝူရင်ခွင်ထဲတည့်တည့်ထည့်မိသည့်အဖြစ်ပင်။

မြောင်ဂျယ်နှင့် ယွန်းဟွာလဲ ရန်ထဖြစ်မည်စိုး၍ ဆန်းဝူကို ဆွဲကာ

"တော်ပါတော့ဟယ် ကြီးကြီးမားမားထိခိုက်သွားတာလဲမဟုတ်ပဲနဲ့..."

"အေးလေ...ငါကအနေသာကြီးရယ်..ပြဿနာအဖြစ်မခံနဲ့ ငါခေါင်းပူမခံနိုင်ဘူး..."

ထိုအခါမှ ဆန်းဝူလဲ ဟိုဘက်ကကောင်လေးကိုစူးစူးရဲရဲစိုက်ကြည့်ကာ အကြည့်လွှဲလိုက်လေသည်။ယွန်းဟွာလဲ ထိုကောင်လေးဆီမှအကြည့်လွှဲလိုက်ရာ မျက်နှာချင်းဆိုင်ရှိ ဂျီဟျွန်းတို့အဆောင်ဆီအကြည့်ကရောက်သွားလေသည်။ထိုအခါ သူမတို့ဘက်ကိုပြတင်းပေါက်ကနေလှည့်ကြည့်နေသော ဂျီဟျွန်းနှင့်အကြည့်ချင်းဆုံသွားသဖြင့် ယွန်းဟွာလဲ ဝမ်းသာအားရ လက်လေးမြှောက်ကာ လက်ယမ်းပြလိုက်လေသည်။

လက်ကိုမြှောက်ကာ ခါးကိုပါဆန့်လိုက်၍ စကတ်သည် အပေါ်ကိုအနဲငယ်မြင့်သွားပြီး ခြေအိတ်အနက်ဝတ်မထားသည့် ဒူးအထက်မှပေါင်သားခပ်ဝင်းဝင်းလေးက ပေါ်သွားလေသည်။ထိုမြင်ကွင်းကို စောနကကောင်လေးသည်ကြည့်လိုက်ကာ လျှာသပ်လိုက်သည်ကိုလဲ ဂျီဟျွန်းကမြင်ဖြစ်အောင်မြင်သွားသေးသည်။

ဂျီဟျွန်း၏မျက်ဝန်းအစုံသည် မှေးကျဥ်းသွားကာ နှုတ်ခမ်းကိုတင်းတင်းစေ့ကာ ထိုကောင်လေး၏မျက်နှာကို စွဲနေအောင်မှတ်ထားလိုက်လေသည်။ပြီးနောက်ချက်ချင်းဆိုသလို အမူအယာပြင်ကာ ယွန်းဟွာဘက်ကိုလှည့်ကြည့်၍ မဝံ့မရဲပုံလေးပြုံးပြလိုက်သည်။

ဘုရားစူး!ငါကဗီလိန်ပါဟ ဇာတ်လိုက်မ မဟုတ်ဘူးလို့ [Normal]Where stories live. Discover now