တရွတ်တိုက်ဆွဲလာတဲ့ဒဏ်ကြောင့် မြူခိုးရဲ့ခြေထောက်တလျှောက်ပွန်းပဲ့ရာတို့ကထပ်လျှက်
စောက်သုံးမကျတဲ့ကောင် မင်းကအမေတူသားဘဲ
စိတ်မရှည်စွာညည်းညူရင်း မြူခိုး ရဲ့ဆံပင်ကိုဆွဲထားသောလက်အား ဖယ်လိုက်သည်
မြင်နေရသောမြင်ကွင်းကြောင့် ဝူးဝူးဝါးဝါးအော်နေသော ဒေါ်အမရာမြူ ကိုကြည့်ပြီးတိမ်တိုက် စုပ်သပ်လိုက်ကာ
ခင်ဗျားပါးစပ်ပိတ်ထားစမ်း တဝူးဝူးတဝါးဝါးလုပ်နေရင် ခင်ဗျားသားပိုဆိုးသွားမယ်
လေဖြတ်ပြီးအကြောသေနေတဲ့ အမရာမြူ ကအခုချိန်မှာတော့ တိမ်တိုက်လက်ခုပ်ထဲကရေလိုပင် သူနောင်တရသည်က မဆိူင်တဲ့မြူခိုး ပါသူ့ကြောင့်ငရဲကျရလေပြီ
ငြိမ်ကျကာ မျက်လုံးရဲကြီးတွေဖြင့်သူ့အားစိုက်ကြည့်နေသော အမရာမြူ ကိုကြည့်ရင် တိမ်တိုက် နှုတ်ခမ်းတစ်ဖက်အပေါ်တက်ရုံပြုံးလိုက်မိသည်
အခုတော့လည်း အမရာမြူ ဆိုတာသူ့အမိန့်အောက်က အရုပ်လေးပါဘဲလား
၁၀နှစ်ဆိုသောအချိန်အတိုင်းအတာတစ်ခုမှာ နာကျင်မှု မုန်းတီးမှု တွေနဲ့သာ ရှင်သန်ခဲ့ရသည် တိမ်တိုက်ဆိုသော သူ့အတွက်အမြဲမက်နေရသည့်အိမ်မက်က ဒေါ်အမရာမြူ ပြန်ပေးဆပ်ရမည့်အချိန်များပင်မဟုတ်လား
မြူခိုး မင်းအမေဆေးသောက်ချိန်ရောက်ပြီ ဆေးက်ိုသေချာတိုက်
ကြင်နာလွန်း၍ဂရုစိုက်သည်တော့မဟုတ် ဒေါ်အမရာမြူ ကိုလွယ်လွယ်နဲ့ပေးသေလို့မှမဖြစ်တာ သူလုပ်ခဲ့တာတွေအတွက် သေခြင်းတရားဆိုတဲ့လွတ်လပ်ခွင့်ကသူနဲ့မထိုက်တန်သေးပါ
အခန်းထဲမှထွက်သွားသော တိမ်တိုက်ကိုကြည့်ကြီး မြူခိုး သူ့အမေဘက်လှည့်ကာ
အမေ ဆေးသောက်ရအောင်နော်
သူလှမ်းပေးသော ဆေးကို ငြင်းဆန်နေသော
အမရာမြူ ကိုကြည့်ပြီး မြူခိုး သက်ပြင်းချလိုက်မိသည်အမေ ဆေးကိုဘာလို့ ငြင်းဆန်နေလည်းကျွန်တော်သိပါတယ် ဘယ်သူကရောအခုလိုဘဝမျိုးကြီးထဲမှာရှင်သန်ချင်ပါ့မလဲ ဒါပေမဲ့ ကျွန်တော်ကရော သားတစ်ယောက်ဖြစ်တဲ့အတွက် အမေ့ကိုအသေခံခိုင်းဖို့ကဖြစ်မှမဖြစ်နိုင်တာ နောက်ပြီး ကျွန်တော်ကိုယ်တိုင်တောင် ဒီလိုဘဝမျိုးနဲ့ရှင်သန်နေရတာကိုမုန်းလှပြီ
KAMU SEDANG MEMBACA
အရှင့်ကျေးကျွန်