ချစ်လွန်း၍မုန်းခဲ့သည် (ချစ်လွန်း၍မုန်းခဲ့သည်) Part-9

32 2 0
                                    

Zawgyi

"တောက်...."
ကဝေကြီးမှ မောင်ဘုန်းကြောင့် သိုက်တူးမည့် အစီအစဉ်ပျက်သွားသောကြောင့် ထွက်ပြေးလာခဲ့ရာ
လမ်းတွင် မာဃနှင့်ဆုံပြီး ဒေါသတကြီး တောက်ခေါက်မိလိုက်သည်။

"ဒီဆရာစုတ်ကြောင့် ငါ့အစီအစဉ်ပျက်တာ ၂ကြိမ်ရှိပြီ
နောက်တစ်ခါထပ် မပျက်ရအောင်
ဒီဆရာကို ငါအရင်သတ်ရမယ်"

"ဟာ ဆရာကြီးရယ် ဒီကိစ္စလေးနဲ့
သတ်စရာလိုလို့လားဗျ"

"လိုတာပေါ့ နောက်လာမယ့် လကွယ်နေ့မှာ သူ့ကိုသတ်ဖို့
အစီအစဉ် ငါစဉ်းစားပြီးပြီ
ဟိုတစ်ခါကလိုတော့ ထပ်အဖြစ်မခံနိုင်ဘူး
မင်းကငါ့တပည့် ငါခိုင်းသလိုလုပ် ကြားလား"

"ဟုတ်...ဟုတ်ကဲ့ ဆရာကြီး"

"ဒါဆို အစီအစဉ်ကို ငါပြောမယ်..................."


"ဟင် ဒါဆိုသူက ငါ့ကို အခုလကွယ်ညမှာ သတ်မယ်ပေါ့
ဒီနေ့က လပြည့်ကျော်၁၂ရက်ဆိုတော့
လကွယ်မှာက သန်ဘက်ခါဘဲ"

"ဟုတ်တယ် အဲ့ဒါကြောင့် မင်းကို ငါသတိပေးတာ"

"ဒါနဲ့နေပါဦး...မင်းကဒီအကြောင်းတွေကို
ဘာလို့ငါ့ကိုပြောပြရတာလည်း
မင်းဆရာက မင်းကိုသတ်မှာ မကြောက်ဘူးလား
ဘာကိစ္စနဲ့ငါ့လာပြောရတာလည်း"

"ဒါ..ဒါကကွာ
မင်းက ငါ့သူငယ်ချင်းလေ
ငါသေချင်သေပါ့စေ သူငယ်ချင်းကိုတော့ ဒုက္ခအရောက်မခံဘူး"

"အော်..သူငယ်ချင်းတဲ့လား မာဃရယ်"
မောင်ဘုန်းမှာ စိတ်ထဲမှ ရေရွတ်ကာ ဝမ်းနည်းမိသွားသည်။

"မောင်ဘုန်း အိပ်မယ်လေ မိုးအတော်ချုပ်နေပြီ
ငါ့အဖေက မရှိဘူး သူ့အိပ်ယာပေါ်လည်းအိပ်မရဘူး
မိုးပက်ထားတော့ စိုရွှဲနေပြီ ငါနဲ့ဘဲ အိပ်တော့လာကွာ"

မာဃမှာ မောင်ဘုန်းလက်ကိုဆွဲကာ
သူ့အခန်းထဲသို့ ဆွဲခေါ်သွားတော့သည်။

ခုတင်ပေါ်သို့ရောက်သောအခါ
မာဃမှာ အိပ်ရန်ပြင်ကာ မျက်စိမှိတ်ကာ ခနမှေးနေသည်။
မောင်ဘုန်းမှာ မာဃအိပ်ပြီအထင်နှင့် မာဃမျက်နှာအား
တယုတယကြည့်ကာ
မအိပ်ခင်ပြောခဲ့သော စကားများအား တွေးကာ
ဝမ်းသာ ဝမ်းနည်းဖြစ်နေရသည်။
"ဘုန်း" "မင်းကငါ့သူငယ်ချင်းလေ""ဘုန်း""သူငယ်ချင်း"

ချစ်လွန်း၍မုန်းခဲ့သည် (Completed Short Story)Where stories live. Discover now