Zawgyi
"ဟင်
လာကြပါဦးကလေးတို့ အဘသားမျက်ရည်ကျနေတာမလား
ကြည့်စမ်းပါဦး""ဟုတ်ပါရဲ့ ထူးဆန်းလိုက်တာ သေတဲ့သူက
မျက်ရည်ကျပါ့မလား"ခဏအကြာတွင် အလောင်းစင်ပေါ်မှ
မာဃ အနားသို့ ရွာထဲမှ သတင်းကြားသူများ အထူးတဆန်း
ဝိုင်းအုံလာကြသည်။အလောင်းစင်ပေါ်မှ မာဃမှာ
လှုပ်လှုပ်ရှားရှား ဖြစ်လာပြီး
နောက်ဆုံးတွင် အိပ်မောကျနေသူ ယောင်ယမ်း၍ထလာသည့်အလား
အလန့်တကြား နိုးထလာခဲ့သောသည်။"ဟာ သားမသေဘူးနော် သား"
မာဃ၏အဖေမှာ ဝမ်းသာလုံးဆို့သွားကာ
အရမ်းပင်ပျော်နေလေတော့သည်။"သေသွားတဲ့သူရှင်လာတာ သွေးရိုးသားရိုးမဟုတ်ဘူးနော်
ဖုတ်ဝင်တာများလား မောင်ဘုန်းကို မေးမြန်းကြည့်ပါဦး""ဟုတ်သားဘဲ" "ဖြစ်နိုင်တယ်" "သွားမေးဦးနော်"
"ဒီလိုမျိုးဆိုရွာထဲ လက်သင့်မခံနိုင်ဘူး"တစ်ယောက်တစ်ပေါက်အသံများထွက်လာသည်။
ထို့ကြောင့် မောင်ဘုန်းအား လူငယ်အမျိုးသားထဲမှ တစ်ယောက်က
သွားရောက်အပြေးခေါ်လေတော့သည်။"ဆရာဘုန်းရေ.........ဆရာဘုန်း"
"ဟေ ဘယ်သူလည်း
ငါ့သားခြေထောက်ဒဏ်ရာနဲ့ မထနိုင်ဘူး
အိမ်ထဲလာခဲ့""သြော်...နိုင်လင်း ပြောလေ
ဘာကိစ္စလည်း". မောင်ဘုန်းမှာ လေးလံစွာပင်ပြောလိုက်သည်။"ကိုမာဃလေ. ကိုမာဃ"
"ဟေ...ဆို မာဃဘာဖြစ်လို့လည်း"
မာဃဆိုသောကြောင့် အထိတ်တလန့်ဖြစ်သွားကာ
အမြန်ပင်မေးလိုက်သည်။"ကိုမာဃ သေပြီးမှ အခု အသက်ပြန်ဝင်လာလို့ဗျ"
"ဟေ"
မောင်ဘုန်း မျက်လုံးများ ကြည်လင်လာပြီး
မသိမသာပြုံးမိသွားလေသည်။"အဲ့ဒါ ဖုတ်ဝင်တာလား ဘယ်လိုဖြစ်လည်းသိချင်လို့
ရွာထဲက လူတွေက ဆရာ့ကိုပင့်ခိုင်းလိုက်လို့ပါ""အေး ငါအခုဘဲ လိုက်ခဲ့မယ်"
"ဟဲ့ သားရယ် ခြေထောက် ဒဏ်ရာကြီးနဲ့ ဖြစ်ပါ့မလားကွဲ့"
YOU ARE READING
ချစ်လွန်း၍မုန်းခဲ့သည် (Completed Short Story)
Romanceစေတစ်လုံးမောင်ဘုန်း ဇာတ်လမ်းတွဲကို အခြေခံ၍ စိတ်ကူးယဉ်သက်သက်ဖြင့်သာ ရေးသားထားပါသည်။Character များမှာလည်း ထိုဇာတ်လမ်းတွဲမှ Character များသာဖြစ်သည်။ အများစုမှာ ဆရာတပည့်၂ယောက်ကို ship ကြသော်လည်း မိမိမှာ ၎င်းတို့နှင့် ဆန့်ကျင်ဘက်တွေးထားသူနှင့်သာ ship လ...