(ZAWGI)" ဒီမှာ ရှင့်....ဝင်လို့မရပါဘူး"
"ကျွန်တော်က Jimin ရဲ့ အမျိုးသားပါလို့ ပြောပြီးပြီးလေ"
အဖြူရောင် အင်္ကျီလက်ရှည်လေးကိုမှ ဘောင်းဘီ အဖြူလေးနဲ့
တွဲဝတ်ထားတဲ့ Yoongi ဟာ နတ်သားတစ်ပါးလို
ချောမော လှပလွန်းလှသည်
အခုက Jimin hyung ဟာ နေ့လည်စာ တူတူစား
ရန်ခေါ်သည်မို့ လာရာတွင်
လုံခြုံရေးတွေက ပေးမဝင်" လာပြန်ပြီး... လူတွေနော် အဲလိုပဲ လိမ်တက်ကြတာလားမသိ
... ဒီမှာ ကျွန်မတို့ကို ဒီလိုမျိုး ဘယ်တော့မှ လာလိမ်လို့ရမှာ
မဟုတ်ဘူး"ဘယ်လိုမှ ပေးဝင်ပုံမပေါ်တဲ့ ဒီအမကြီးကြောင့်
စိတ်ညစ်ရသည်
Company က လူတွေကလည်း ကတောက်ကစ
ဖြစ်နေသော သူတို့ကို လှည့်ကြည့်နေကြသည်
အရေးထဲ ဖုန်းကလဲ မပါခဲ့...." မယုံရင် မင်းတို့ CEO ကိုသွားမေးလေ "
"ရှင့်လို လူမျိုးကြောင့် ကျွန်မတို့ CEO အလုပ်ရှုပ်စေဖို့
ဘာအတွက် မေးရမှာလဲ""Yoon .. "
"Jimin hyung "
သူ့ဆီ ပြေးလာကာ လှမ်းခေါ်သော Jimin hyung ...
ဝန်ထမ်းတွေကလဲ သူတို့ကို ကြည့်နေကြသည်"Yoon ဒီမှာ ဘာလုပ်နေတာလဲ... ကိုယ့်ရုံးခန်းဆီ
လာခဲ့ပေါ့ "Jimin hyung ဟာ သူ့အနားရောက်တော့
သူ့ကိုမေးသည်"သူတို့က ပေးမဝင်လို့"
ထို ဝန်ထမ်းမကြီးနဲ့ လုံခြုံရေးတို့ကို မျက်စပြစ်ပြလိုက်သည်
Jimin hyung ဟာ ထိုလူတွေက ခဏလာ လှည့်
ကြည့်ပြီး သူ့လက်ကို ဆွဲကိုင်ကာ မြှောက်လိုက်ပြီး
Jimin hyung ဟာလဲ သူ့ရဲ့ လက်ကို ကျွန်တော့်
လက်နဲ့ ယှဉ်မြှောက်လိုက်သည်
YOU ARE READING
WINGS FOR YOU
Fanfictionမင်းက အတောင်စုံတစုံ ဆိုရင် ကိုယ်က လေပွေ တခုလို မင်းရဲ့အနားမှာ ဝေ့လည်ချင်တယ် ကလေးငယ် Jeon__meri