ရွယ်

17 3 0
                                    

ရွယ်ကညာတယ် သူ့ဘဝမှာငါ့အပြင်နောက်တစ်ယောက်ဘယ်တော့မှမရှိစေရဘူးဆိုပြီး ငါမသိအောင်နောက်တစ်ယောက်နဲ့.....

"ရွယ် ဘယ်ကပြန်လာတာလဲ"

ငါသိတာပေါ့ရွယ်ဘယ်ကပြန်လာမှန်း ဒီရက်ပိုင်းရွယ်ငါ့အပေါ်ပုံစံတွေပြောင်းနေလို့ ငါမသင်္ကာလို့ ဒီမနက်ရွယ်မသိအောင်အနောက်ကနေတိတ်"လေးလိုက်သွားကြည့်တာ ငါမသိယောင်ဆောင်ပြီးမေးလိုက်တာပါ

"အပြင်ကလေ သူငယ်ချင်းတစ်ယောက်နဲ့ကိစ္စရှိလို့"

ရွယ်ညာတယ် ငါ့ကိုတစ်ခါမှမလိမ်ဖူးတဲ့သူက ဘယ်သူ့အားကိုးနဲ့လိမ်ရဲသွားတာလဲ

ရွယ်ရေချိုးနေတုန်း ငါညစာပြင်ထားလိုက်တယ် ပြီးတော့တစ်ခြားအံသြစရာလေးတွေနဲ့ပေါ့

"ရွယ် ငါ့ကိုချစ်လားဟင်"

"ချစ်တာပေါ့ကွာ များကြီး များကြီးချစ်တာ"

ဒီစကားကငါ့တစ်ယောက်ထဲအတွက်မဟုတ်တော့ဘူး ငါသိတာပေါ့

ဒီကောင်မလေးကသိပ်လည်တာ ငါချစ်လားမေးတော့မတုံ့မဆိုင်း ချက်ချင်းပြန်ဖြေတယ်

ကြည့်ပါအုံး ရယ်နေတာကလေးတစ်ယောက်လိုပဲ အဲ့အပြုံးလေးငါသိပ်ချစ်တာ ရွယ်ရယ်လိုက်ရင်ပါးဖောင်း"လေးထဲ ခွက်ဝင်သွားတဲ့ပါးချိုင့်လေးတွေ ငါသိပ်ချစ်တာပဲ

အဲ့အပြုံးတွေကိုငါတစ်ယောက်ထဲပဲပိုင်ဆိုင်ချင်ခဲ့တာ ဘယ်သူ့ကိုမှမပေးနိုင်ဘူး ရွယ်ကငါ့အပိုင်ပဲ

"ရွယ် ငါ့ကိုထားသွားမှာလားဟင်"

ရွယ်က သူ့ခါးလေးပေါ်ကငါ့လက်တွေကိုဖြည်လို့ ငါ့မျက်နှာကိုကြည့်ပြီးပြောတယ်

"ထားသွားစရာလားကွာ ငါ့မှာနင်တစ်ယောက်ထဲရှိတာကို"

ငါရယ်မိတယ် ဟန်ဆောင်ကောင်းလွန်းတဲ့ရွယ်
နင့်မှာငါတစ်ယောက်ထဲရှိသလို ငါ့မှာလဲနင်တစ်ယောက်ထဲရှိတာ ငါနင့်ကိုဘယ်တော့မှ ထွက်သွားခွင့်ပေးမှာမဟုတ်ဘူး ရွယ်

ဒီစကားလေးတွေကြားလိုက်ရပြန်တော့လည်း ငါရွယ့်ကိုမမုန်းရက်တော့ဘူး

~~~~~

ရွယ်နဲ့ကျွန်မကအထက်တန်းကျောင်းကတည်းကခင်လာခဲ့ကြတာလေ ရွယ်ကအပေါင်းသင်းများပေမယ့် ကျွန်မမှာတော့သူငယ်ချင်းဆိုလို့ ရွယ်နဲ့ယမင်း နှစ်ယောက်ပဲရှိတာ ယမင်းကဆေးကျောင်းမီတော့ ဆေးကျောင်းတတ်တော့ ကျွန်မတို့သူငယ်ချင်းတွေအရင်လိုသိပ်မတွေ့ဖြစ်ကြတော့ဘူး
ကျွန်မနဲ့ရွယ်က (U.Y.S.U) တတ်တော့လည်းအတူတူပဲ တက္ကသိုလ်ဒုတိယနှစ်မှာနှစ်ယောက်ရင်ထဲကခံစားချက်တွေကိုပိုခဲ့ပြီးတွဲဖြစ်ခဲ့ကြတယ် ငယ်ငယ်ကတည်းကသူများတွေထက်ပိုပြီးသံယောဇဥ်တွေလည်းရှိခဲ့လို့ရည်းစားသက်တမ်း၅နှစ်ကျော်ထိမြဲနေတုန်းပဲ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ပေါ့

You've reached the end of published parts.

⏰ Last updated: Jan 31, 2023 ⏰

Add this story to your Library to get notified about new parts!

ရွယ်Where stories live. Discover now