အိမ်ကြီးတစ်လုံး၏အခန်းတစ်ခန်းထဲမှထိုးထွက်နေသော ရယ်မောသံတို့နှင့်အော်ဟစ်သံတွေ
"အွန်ရေ မင်းရဲ့ သားအသံကြားလား ခုနစ်အိမ်ကြားရှစ်အိမ်ကြားအော်နေတာ ဘာဖြစ်နေလဲသွားကြည့်"
"သြော် ရှင်ကလည်းထားလိုက်ပါ အချစ်စမ်းနေကြတာနေမှာပေါ့"
မစ္စတာဂျွန်ကခပ်တွေတွေဖြင့်သာအိပ်ယာဝင်သည်။ အွန်မီဆုသည် အပြုံးကြီးပြုံး၍ကျေနပ်ပီတိဖြစ်နေ၏။ ဒီကလေးတွေနှယ်တော့
မိဘအိမ်မှာတစ်ပတ်နေပြီးမှပြန်ဆိုသည့် မစ္စတာဂျွန်၏ရာဇသံကြောင့် jungkookတို့အပေါ်ထပ်တွင်ရှိနေခြင်းဖြစ်သည်။ အပေါ်ထပ်တွင်ဖြစ်ပြီးအောက်ကလူတွေကိုအားမနာ ငြိမ်ငြိမ်မနေ အသံပေါင်းစုံဖြင့်နှိပ်စက်၏။
"Hyung အဲ့လိုကြီးမလုပ်ပါနဲ့ဆို"
"ဝါးးးးး ဝူးးးး ဝါးးးး"
"Hyung! အားးး ကယ်ကြပါအုံး သရဲကြီး"
"ကျားးးး ရားးးး"
အိပ်ယာပေါ်မှ jungkookစောင်ကြီးအုပ်ထား၍ အပေါက်သေးသေးလေးကနေချောင်းကြည့်၏။ seokjinသည်ကုတင်ဘေးတွင်ဖြစ်ပြီး ခန္ဓာကိုယ်ကြီးကိုပြောင်းပြန်ကော့ထား၏။ မျက်နှာကြီးသည်အပေါ်ဘက်တွင်ရှိပြီး ခြေလက်တွေထောက်ထားသည်ကြောင့်သရဲကားထဲတွင်သရဲဝင်ပူးလျှင်လုပ်တတ်သောပြောင်းပြန်ကော့ထားဟန်ဖြစ်နေသဖြင့် jungkookကမလုပ်ရန်တားသည်။ လူ့သဘာဝ တားမှဆီးမှပိုလုပ်ချင်သောဉာဥ်လေးရှိသည့် seokjinသည် jungkookအနားတိုး၍သွားသွားစသည်။ ဝူးဝူးဝါးဝါးအသံမျိုးစုံလုပ်ကာစတော့ နောက်တစ်ယောက်ကအော်ကာဟစ်ကာပတ်ပြေးလျှင်ပြေး မပြေးလျှင်စောင်ထဲဝင်ပုန်းသည်။
"ဝါးးး ဟားး ဟားးး"
အသံနက်နက်ပုံစံကြီးတွေလုပ်ပြသောကြောင့် jungkookစောင်ထဲမှထွက်လာသည်။
"Hyung တော်ပြီကွာ အဲ့လိုကြီးမဆော့နဲ့"
"မင်းကိုဗိုက်ဖောက်စားမယ် ရားးး"
Jungkookသူ့အနားရောက်လာသော ပြောင်းပြန်လေးဖက်ထောက် seokjinကိုဆွဲပွေ့လိုက်၍အိပ်ယာပေါ်ချပေးသည်။ ကော့ညွှန့်နေခြင်းမရှိ မူလပထမအတိုင်းဖြစ်သွားသော seokjinသည်အရယ်မပြတ်။ သူ့ရင်ခွင်နားတွင်အိပ်ယာတွေပုတ်ကာပုတ်ကာ ရယ်နေပါသော Kim seokjinရယ်ပါ။
YOU ARE READING
Steady Principle { Completed }