Suck me bae (uni+zawgyi)

488 36 6
                                    

ဒီထဲမှာ🚨 warning အများကြီးပါတာကြောင့် အသက်ပြည့်မှဖတ်ပေးကျပါနော်
၁၈နှစ်အထပ်အသုံးနှုန်းပါဝင်တာကြောင့်မကြိုက်ရင်ကျော်သွားပေးပါ🙏🏻🙇🏻

[snuck me bae]

(unicode)

ကလပ်လမ်းကြိုလမ်းကြားတစ်ခုတွင်ဗိုက်ကိုဓားနဲ့ထိုးခံထားရတဲ့ဒဏ်ရာကြောင့်သွေးများအစမတန်ထွက်နေ၏။
ဒါကိုရအောင်တင်းခံပြီးဒဏ်ရာကိုလက်နှင့်ဖိကာ မှောင်နေသည့်ကြားကတစ်လှမ်းချင်းအပြင်သို့ထွက်နေသည်။
ထိုသူမှာ ရှန်းမင်းလျှံဖြစ်သည်။
အသက်ငယ်ငယ်လေးနှင့်စီးပွားရေးကထိုးထောင်တတ်ကာ ပိုင်ပိုင်နိုင်နိုင်လုပ်ငန်းစုကြီးတစ်ခုကိုဦးဆောင်နေသူပင်။

အသက်ငယ်ငယ်နဲ့အောင်မြင်နေတာကိုမနာလိုသည်လူတစ်ချို့ကအမြဲလိုက်နှောင့်ယှက်နေသည်။
ခါတိုင်းဆို ဘော်ဒီကပ် သုံး၍အပြင်ထွက်သော်လည်း လုပ်ငန်းကိစ္စကြောင့်စိတ်ဖိစီးနေလို့ တစ်ယောက်ထဲအရက်သောက်ရန်ထွက်လာခဲ့ခြင်းဖြစ်၏။
ဖုန်းလာလို့အပြင်ထွက်ဖုန်းပြောစဥ်
ဆိုင်ကယ်နှင့်ရောက်လာကာဓားနဲ့ထိုးသွားသည်။

အာရုံကဖုန်း၌ရောက်နေသည်မို့သတိမထားမိလိုက်ချိန်အလစ်သုတ်သွား၏။
ဒဏ်ရာကိုဖိပြီးလမ်းအပြင်သို့ထွက်လာပေမဲ့ မူးဝေပြီးမျက်လုံးများပြာနှမ်းလာသည်။
ဆေးရုံကိုဖုန်းဆက်မည်အလုပ် သွေးက
တစိမ့်စိမ့်ထွက်လာကာ လမ်းပေါ်၌ပုံလျက်သားလဲကျသွား၏။

"တစ်...တစ်..ယောက်..ယောက် ေဆးရုံ..ကား..ခေါ်..ပေး..ကျပါ"

ထိုစဥ်ဆေးရုံကဂျူတီအပြီးပြန်လာနေသည့်ကောင်ငယ်လေးကတော့ ခက်လွန်းငယ် ပင်။
အမြဲလူပြတ်တဲ့လမ်းကပြန်လာရသည်မို့ ကျောချမ်းလေ့ရှိပြီးသတိကြီးစွာထားရသည်။
မနက်ပိုင်းဆိုကိစ္စမရှိပေမဲ့ညဆို club နဲ့နီးတော့ မူးယစ်ရမ်းကားသူကခပ်များများ။

တစ်တွေးတွေးနဲ့လမ်းလျှောက်နေတုန်းသူ့အိမ်ရှေ့၌် ေမှာက်လျက်လဲနေသည့်သူကိုတွေ့တော့ မျက်မှန်အောက်ကမျက်လုံးများဟာပြူးကျယ်သွား၏။

"ဟင်...သွေးတွေနဲ့..ဘာဖြစ်တာပါလိမ့်...ဟေ့လူ..သတိထားဦး...ဟေ့လူ"

One shot collection Where stories live. Discover now