နေ့တစ်နေ့ရဲ့ မနက်ခင်းလေးရဲ့အစကိုငှက်ကလေးတွေရဲ့တေးသံသာနဲ့အစပြုကာJiminအိပ်နေရာမှနိုးထ၍မျက်နှာသစ်ကာတစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ပြီး မနက်စာစားရန်အောက်ထပ်ကိုဆင်းလာခဲ့သည်။
Jimin- Morning Omma.
Jimin Omma- Morning မေ့သားလေး။အိပ်ရေးကောဝရဲ့လား။
Jimin- ဟုတ် ဝပါတယ်။ သားဘာကူပေးရမလဲ။Jijiကမနိုးသေးဘူး ထင်တယ်။
Jimin Omma- မနိုးသေးဘူးထင်ပါရဲ့။အဲ့ကလေးမက ညညဆိုဘာတွေဖတ်နေမှန်းလဲမသိပါဘူး။
OmmaစကားလဲဆုံးရောJijiတစ်ယောက်ထမင်းစားခန်းထဲသို့ဝင်လာကာခုံကိုဆွဲယူပြီးဝင်ထိုင်ကာ...
JiJi- သမီးအတင်းကိုပြောနေကြတယ်ပေါ့လေ။Ommaကိုဘာတွေမဟုတ်တာပြောနေတာလဲ ကိုကို။
Jimin- အောင်မယ် ငါကဘာပြောရမှာလဲ။ နင်အိပ်ရာထနောက်ကျတဲ့အကြောင်းပြောနေတာ။ Ommaတွေ့လား သူမဟုတ်တာတစ်ခုခုလုပ်ထားတယ်ထင်တယ်။
Jiji-ကိုကိုနော် မဟုတ်တာတွေပြောမနေနဲ့။ အမြန်စား ကျောင်းနောက်ကျမယ်။ တော်ကြာတစ်ချို့တစ်ချို့တွေကတစ်ယောက်သောသူကို မျှော်နေရင်းသစ်ကုလားအုတ်ဖြစ်နေမှာစိုးရတယ်။
Jimin- အဟွတ် အဟွတ်။
Jijiစကားကြောင့်သောက်လက်စကော်ဖီပါသီးသွားရသည်။ Ommaကတော့သူတို့နှစ်ယောက်ကိုကြည့်ကာ ပြုံးရင်းမနိုင်ဘူးဆိုပြီးခေါင်းခါကာမနက်စားဆက်စားနေလေသည်။စားသောက်ပြီးတာနဲ့ ကျောင်းသို့ထွက်လာခဲ့ကြသည်။
_____________________________
Yoongiတစ်ယောက်ကန်တင်းမ်မှာထိုင်ရင်းသူ့ရဲ့ကလေးပိစိကိုစောင့်မျှော်ကာနေသည်မှာသစ်ကုလားအုတ်နဲ့နင်လားငါလားပင်ဖြစ်တော့မည်။ဖင်တကြွကြွဖြစ်နေသည့်YoongiကိုSeok Jinတို့ကြည့်မရဖြစ်လာ၍....
ဆော့ဂျင်န်- ငြိမ်ငြိမ်ထိုင်နေပါကွာ။ မင်းဟာလေးကလာမှာပါ။ မျက်စိတွေလဲနောက်လာပြီ။ယွန်းဂီ- မျက်စိနောက်ရင်မကြည့်နဲ့ပေါ့ကွာ။ ဒီမှာငါ့ကလေးကိုမတွေ့ရသေးလို့စိတ်ညစ်နေပါတယ်ဆို။