90[U&Z]

3.4K 400 12
                                    

[Unicode]

ထိုအချိန်ခန နင်မုန့်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး အေးခဲသွားသလို ခံစားလိုက်ရသည်။ ကီးဘုတ်ပေါ်မှာ ရှိနေတဲ့ သူမရဲ့ လက်ချောင်း တစ်ချောင်းတလေလေးတောင် လှုပ်လို့မရတော့ပေ။

ဘုရင်ကြီးဆီက အေးစက်တဲ့ အကြည့်တွေကို ကြည့်ဖို့ ခွန်အားတောင် မရှိတာမို့ သူမ မော့ကြည့်ဖို့တောင် မဝံ့ရဲ။

အခု အခြေအနေက အနီရောင်အဆင့် ရောက်နေပြီ ဆိုတာတောင်မှ သူမ အသက်ကို ကယ်တင်နိုင်မယ့် အကြောင်းပြချက်လေး တစ်စုံတရာတောင် သူမ ခေါင်းထဲ မပေါ်လာပေ။

ထိုအချိန် သူတို့ရဲ့ အသင်းဖော်က "နတ်ဘုရား"ဆီ အမြန်ပြေးသွားလိုက်ပြီး "ဟေး ဘယ်မှာလဲ Kar98kက! ငါလိုချင်တယ်! ငါလိုချင်တယ်!"

စက္ကန့်ပိုင်းလေး အတွင်းမှာပဲ ထိုသူက နတ်ဘုရားနားသို့ ရောက်သွားသည်။

"ဘယ်မှာလဲ"

"ဒီမှာ ကြမ်းပေါ်မှာ"

ကစားဖော်က ကောက်ယူမယ် လုပ်လိုက်ရင်ပဲ သေနတ်က ပျောက်သွားလေ၏။

"ဘာလား? ဘယ်ရောက် သွားတာလဲ။ နေဦး မင်းကောက်လိုက်တာလား"

"ဟုတ်တယ် ငါက မင်းကိုပြယုံပဲပြတာ။ အမ ဒီKar98kကို လိုချင်လား"

“??”

နင်မုန့်က ဟော်ပေ့ချန်ကို တချက် ချောင်းကြည့်လိုက်သည်။ သူက laptopရဲ့ screenကိုသာ အာရုံစိုက်လို့နေပြီး တခြား ဘာအမူအရာကိုမှ မပြပေ။ နေပါဦး ဒါဆို ဒီ "မိန်းမ" လို့ ခေါ်လိုက်တဲ့ စကားက မတော်တဆ အဖြစ်နဲ့ပဲ လေထဲမှာ ပျောက်သွားပြီပေါ့။

ဟူး။

ရုတ်တရက်ပဲ ဂိမ်းထဲမှ သေနတ်ပစ်သံတွေ ကြားလိုက်ရသည်။

ပါပီကောင်လေးက သတိပေးလာလေ၏။ "ပြေး!"

နင်မုန့်က အလျင်အမြန်ပဲ သူမရဲ့ avatarကို ရန်သူ့ကျည် မထိ‌ရန် ရှောင်တိမ်းလိုက်သည်။ အကာအကွယ် ယူပြီးတဲ့အခါ ဟော်ပေ့ချန်ကို ရှာလိုက်သည်။ ဟော်ပေ့ချန်က အခုထိ ဘယ်ခလုပ် နှိပ်ရမလဲ မသိတာမို့ သူ့ avatarက မလှုပ်ပဲ ရပ်လို့နေလေ၏။

နောက်စက္ကန့်ပိုင်းလောက် အတွင်းမှာတင် သူ့ဆီ ကျည်ဆံမိုး ရွာချလာဖို့ လုံလောက်နေလေပြီ။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Onde histórias criam vida. Descubra agora