Beginning

1.5K 93 0
                                    

Chapter(1)

မိုးလင်းတာနဲ့ ပြတင်းပေါက်ကနေ တိုးဝင် လာတဲ့ နေရောင်ခြည်လေးကို တရေးတဝ ကြည့်ရင်း သူ အိပ်ရာကနေ နိုးထ လာခဲ့တယ်။ မနက်ခင်းလေးက သာယာပါတယ်။ ဒီလိုပဲ အမြဲတမ်း သာယာနေရင် ကောင်းတာပေါ့။ မနက်ခင်းလေးလိုပဲ သူ့ရဲ့ အနာဂတ်ကလည်း သာယာဖို့ မျှော်လင့်ပါတယ်။

လူတစ်ယောက်ရဲ့ Daily Life မှာ မနက်မိုးလင်းတိုင်း လုပ်နေကျ အလုပ်ဖြစ်တဲ့ မျက်နှာသစ် သွားတိုက် အလုပ်ကို လုပ်ပြီးတာနဲ့ သူ့ရဲ့ Bedroom ထဲပြန်ဝင်ပြီး အကျီ င်္၊ ဘောင်းဘီ လဲဖို့ ပြင်လိုက်တယ်။ ဖုန်းယူ၊ Earphone ယူ၊ ပြီးတော့ အနွေးထည် ယူပြီး သူ အိပ်ခန်း အပြင်ကို ထွက်လာခဲ့တယ်။

*Arr......ဟုတ်သားပဲ။*

ပိုက်ဆံအိတ်ရယ် ၊ နာရီရယ်၊ သော့ပိတ်ဖို့ရယ် မေ့ကျန်ခဲ့တယ်။ အဲဒါက မေ့ကျန်လို့ မဖြစ်ဘူးလေ။ နာရီ နဲ့ ပိုက်ဆံအိတ်ကျန်တာ လောက်က ဘာမှ မဖြစ်ပေမယ့် သော့ပိတ်ဖို့ ကျန်ခဲ့တာတော့ မဖြစ်ဘူး။ တစ်ခေါက် သော့ပိတ်ဖို့ ကျန်ခဲ့လို့ သူခိုးဝင် ဘူးတယ်လေ။ အိမ်တံခါး ပိတ်ထားတာတောင် ဘယ်လို ဝင်လဲ မသိဘူး။ ခိုးစရာ တော့ သိပ်မရှိပေမယ့် သူ့ရဲ့ အိပ်ခန်းထဲမှာတော့ အရေးကြီးတဲ့ အချက်အလက်တွေ ရှိတယ်လေ။

သူလည်း မေ့ကျန်ခဲ့တဲ့ ပစ္စည်းတွေကို သွားယူပြီးနောက် သူ့ရဲ့ Home Sweet Home လို့လည်း ခေါ်လို့ရတဲ့ Apartment လေးကနေ ထွက်လာခဲ့ပါတော့တယ်။

________________________________________

သူ Earphone လေးကို တပ်ထားရင်း သူ့ရဲ့ Morning Playlist ထဲက သီချင်းတွေကို ဖွင့်ပြီး ဖုန်းကို အနွေးထည် ထဲက အိတ်ကပ်ထဲ ထည့်ထားလိုက်တယ်။ အကုန်လုံး အဆင်ပြေပြီ ဆိုတာနဲ့ သူ တချက်ပြုံးလိုက်ပြီး ဘေးပတ်လည်ကို ဘာရယ် မဟုတ် လျှောက်ကြည့်လိုက်တယ်။ ပြီးတော့မှ သူ့ရဲ့ ခါးကို ပြန်ကိုင်းပြီး သူစီးထားတဲ့ All Star ဖိနပ်ကြိုးလေးကို ချည်လိုက်တယ်။ တစ်ဖန် ခါးကို ပြန်မတ်ပြီး ဘယ်လက်မှ ပတ်ထားတဲ့ နာရီကို ကြည့်လိုက်တော့

*6:05 AM*

အနည်းဆုံးတော့ 1 နာရီလောက်တော့ Morning Exercise လုပ်လို့ရဦးမှာပေါ့။

Mission #1Where stories live. Discover now