မဖတ်ခင်လေး 'Our Beloved Summer' ရဲ့ OST လေးဖြစ်တဲ့ 'Janet Suhh'ရဲ့ 'Home' လေးကို Recommend ပေးပါတယ်ဗျ။ ရေးတုန်းက အဲ့သီချင်းလေး နားထောင်ရင်း ရေးဖြစ်လို့ပါဗျ။
ကျေးဇူးပါ။...
တစ်ပတ်တာဆိုတဲ့အချိန်ဟာ မြန်မြန်ဆန်ဆန်ဘဲ ကုန်ဆုံးသွားသည်။ ကုမ္ပဏီနဲ့ ဆိုင်ကို နေ့တိုင်းသွားနေရတော့လူကနေသိပ်မကောင်းချင်။ ဒါပေမဲ့လည်း အလုပ်တွေကိုမပျက်ချင်တာနဲ့
အားဆေးသောက်ပြီး လုပ်နေရသည်။ ဒီအပတ် စနေမှာ သူငယ်ချင်းတွေနဲ့တွေ့ပြီး တနင်္ဂနွေပြီးရင်တော့ တစ်ပတ်လောက်နားရန် ယမင်းသော် စဥ်းစားထားသည်။ မဟုတ်ရင် နေမကောင်းလို့ ဆေးသောက်ရမည့်အဖြစ်ကို မလိုချင်။...
စနေနေ့မနက်မှာတော့ ယမင်းသော်သူငယ်ချင်းများနဲ့တွေ့ရန်ပြောထားတာကြောင့် စောစောစီးစီးထကာ ပြင်ဆင်မိသည်။ ဒီနေ့တော့ နစ်ကီလေးလည်း အိမ်မှာဘဲနေနေရရင် ပျင်းနေမှာစိုး၍ အတူခေါ်သွားရန်ဆုံးဖြတ်ထားသည်။
ဒီနေ့မှာတော့ မြန်မာဝတ်စုံလေးကိုမျက်စိကျနေတာကြောင့် ပင်လယ်ပြာရောင်ဝမ်းစက်လေးကိုဝတ်ဆင်လိုက်သည်။ ဆံပင်ကို တစ်ဝက်ခွဲကာထုံးလိုက်သည်။ ပြင်ဆင်ခြင်းသည် မနက်(၁၀)နာရီလောက်တွင်ပြီးဆုံးသွားသည်။
နှင်းကလည်း တူတူသွားမယ်ပြောထားတာကြောင့် နှင်းအိမ်ကိုအရင်သွားရမည်။ နစ်ကီလေးကိုလည်းသေချာစွာခေါ်ကာ ကားပေါ်တင်လိုက်သည်။ အိမ်ကိုရှေ့ကောနောက်ပါသေချာစစ်ပြီးကာမှ အိမ်တံခါးကိုသော့ခတ်လိုက်ကာ နှင်းအိမ်ကိုထွက်လာခဲ့သည်။
အိမ်ကနေ (၁၅)မိနစ်လောက်မောင်းချိန်အကြာတွင် နှင်းအိမ်သို့ ရောက်ရှိလာသည်။ ခပ်လှမ်းလှမ်းအရိပ်တစ်နေရာတွင်ကားရပ်လိုက်ကာ ယမင်းသော် နှင်းအိမ်ရှေ့ကိုထွက်လာခဲ့သည်။
အိမ်ရှေ့မှာ ကားတစ်စီးရပ်ထားတာကိုတွေ့လိုက်ပြီး ကားထဲမှာလဲ အရင်တစ်ခါကတွေ့ဖူးသည့် ယောကျာ်းတစ်ယောက်ထိုင်နေသည်ကိုမြင်မိတော့ ယမင်းသော်ခဏတာတွေဝေသွားသည်။ ထိုလူဟာ ယမင်းသော်ကိုတွေ့တော့ ကားပေါ်ကဆင်းကာ အိမ်ထဲဝင်သွားသည်။
![](https://img.wattpad.com/cover/278779645-288-k725448.jpg)
YOU ARE READING
-အကယ်၍- (2)(Completed)
Romanceတကယ်လို့များ ပြန်လည်ဆုံတွေ့ကြရင် ငါတို့နှစ်ယောက် အရင်လိုပြန်ဖြစ်နိုင်အုံးမလား..။ 02262022-07302022 (Season 2 of နှင်း) Season 1 အရင်ဖတ်ပေးပါနော်.. Wall ထဲမှာရှိပါတယ်..