ရှောင်းကျန့်တို့နှစ်ယောက် စကားများနေကြတုန်း မိန်လီလီကရောက်လာပြီး
"ဟယ် ဘာတွေဖြစ်နေကြတာလဲ"
ဆိုပြီး ၀မ်ရိပေါ်ဘေးမှာ၀င်ထိုင်ရင်း မေးလိုက်သည်။"မား"
"အန်တီ"
"မား မားက ဒီကိုဘယ်လိုရောက်လာတာလဲ"
"အော် ခဏပြန်လာတာလေ"
မိန်လီလီတစ်ယောက် ရှောင်းကျန့်ကိုပြန်ပြောရင်း ၀မ်ရိပေါ်ကိုကြည့်လိုက်တော့
"ဟင် သား နဖူးကဘာလို့နီနေတာလဲ ဘာဖြစ်လို့လဲ"
"အာ ဘာမှမဟုတ်ပါဘူး အန်တီရဲ့"
လို့ပြောပြီး နဖူးကိုပွတ်လိုက်သည်။ရှောင်းကျန့်လဲ မားပြောမှ ကောင်လေးကိုကြည့်လိုက်တော့ အမှန်ပင်နီရဲနေသည်။သူကကောင်လေးလောက်အသားသိပ်မဖြူတော့ နီနေတာမသိသာတာ။ အသားဖြူတော့ ပိုဆိုးပေါ့။သူတောင် တော်တော်လေးနာသွားတာကို။နေပါဦး ငါက အဲ့ကောင်လေးကိုသနားပေးနေတာလား။
"ဟဲ့ သား"
"......"
"သား"
"ဟင် ဗျာ ဘာလို့လဲ မား"
"အော် ခေါ်မကြားအော်မကြားနဲ့ ဘာဖြစ်လို့ သားလေးကိုစိုက်ကြည့်နေရတာလဲ"
ဘာကြီးသူက ကောင်လေးကိုစိုက်ကြည့်နေတယ်တဲ့။မဖြစ်နိုင်တာ။
"အာ မားကလဲ သားကဘာလို့ကြည့်ရမှာလဲ နေပါဦး မားက ပြန်လာတာဘာဖြစ်လို့လဲ သူကရော ဘယ်သူလဲ"
"သားလေးနာမည်က ၀မ်ရိပေါ်တဲ့"
"သိပြီ ဘာဖြစ်လို့ပြန်လာတာလဲ"
"ငါကပြန်လို့မရဘူးလား"
"ရပါတယ် ထူးဆန်းလို့ပါ"
"မရှည်နဲ့ ချန်ယွင်ရော အဆင်ပြေရဲ့လား"
"ဟုတ် ပြေပါတယ် ဒေါ်လေးရဲ့ ဒါဆို ခွင့်ပြုပါဦးနော် ကျွန်တော်လုပ်စရာလေးတွေရှိလို့"