Unicode
"wtf! system နာလိုက်တာကွာ၊ ငါလဲ wp ဖတ်ဖူးပါတယ် သူများတွေက ခေါင်းဘဲ နာတာပါ ငါ့ကျတော့ တစ်ကိုယ်ကောင်လုံး နာနေသလိုဘဲ"
(ဟုတ်တယ် host ၊ ဒါမဲ့ host က အရှင် Kris ရဲ့ဝတ္ထုထဲကိုဝင်ရတာမို့ ကိုယ်ကိုသေးလိုက်သလိုဖြစ်သွားလို့ပါ ၊ နောက်တစ်ခေါက်မှ တံခါးပေါက်လေး လုပ်ပေးမယ်လေ ဟီး)
သတိုး ဘေးပတ်ဝန်းကျင်ကို မျက်စိကစားလိုက်တယ်။ သူက ညောင်ပင်ကြီးတစ်ပင်ပေါ်မှာ ထိုင်လျက်သားနဲ့ ရောက်နေတာကို မြင်လိုက်တယ်။
"system ရေ ငါ့ကိုဘယ်ပေါ်ပို့လိုက်တာလဲဟ အပင်ပေါ်ရောက်နေရတယ်လို့ ၊ btw ငါ့ကို မှန်ပေး၊ wp ထဲကလို ရုပ်ချော" လေးများဖြစ်နေမလားဘဲ အဟိ"
(ဒီမှာ ပါ host)
" ဟမ် ငါ့ရုပ်က ဘာမှလဲမပြောင်းဘူး ငါ့အရင်မျက်နှာကြီးကို ပြီးတော့ အပင်ပေါ်ဘယ်လိုရောက်နေရတာလဲ ဒီကိစ္စကို အရင်ရှင်း ဇာတ်ကြောင်းမပို့နဲ့ ဦး ခေါင်းနာလို့ အပင်ပေါ်က ပြုတ်ကျလို့ မသာပေါ်နေဦးမယ် "
( အာ ဒီ ကမ္ဘာမှာ host က သူများကိုယ်ထဲဝင်စရာမလိုသေးဘူး ပြီး သူများကိုယ်ထဲဝင်လို့ စွမ်းအားတွေ သုံးနေရင် သံသယဝင်ခံရနိုင်တယ်လေအာ့ကြောင့်ပါ။ အာ အပင်ပေါ်ရောက်နေရတာက ကျတော့ host အစွမ်းသုံးကြည့်လေ host ပထမဆုံးအစွမ်းက အပင်တွေကို အားဖြည့် ခိုင်းစေခြင်း မဟုတ်လားဒီ အစွမ်းနဲ့ ညောင်ပင်ကို ငါ့ကိုအောက်ချပေးလို့ပြောလိုက်လေ)
"အမ် ကောင်းပြီလေ ၊ ညောင်ပင်ကြီးရေ ငါ့ကိုအောက်ချပေးပါ"လို့ပြောပြီး လက်မှအစိမ်းရောင်အစွမ်းတွေထုတ်ကာ အပင်ကြီးကို ထိလိုက်တော့ အကိုင်းတွေရှည်ထွက်လာကာ လှေကားသဏ္ဍာန် သစ်ကိုင်းတွေချိတ်ဆက်သွားပြီး သူ့ရှေ့ရောက်လာခဲ့တယ် ။ သတိုးလဲ အံ့သြနေပြီး အဲ့လှေကားမှ ဆင်းသွားရာ အောက်ရောက်သောအခါ သစ်ကိုင်းတွေက ပြန်ကျုံ့သွားပြီး နဂိုမူလအတိုင်းပြန်ဖြစ်သွားတယ်။ မတူတာဆိုလို့ ခုနကထက် အရွက်တွေ ပိုများလာပြီး အခြားအပင်တွေနဲ့ ယှဥ်လိုက်လျှင် အရောင်အဝါတစ်မျိုးထွက်ကာ အဆင့်အတန်းပိုမြင့်နေသလိုပင်။
YOU ARE READING
Training with system to be a god
Aventuraကမ္ဘာစစ်ဖြစ်ပြီးတော့ ကမ္ဘာကပျက်စီးစပြုနေပြီ အဏုမြူလက်နက်တွေကြောင့် ပျက်စီးသွားတဲ့ကမ္ဘာကိုကယ်တင်ရန် လူသားလေးတစ်ယောက်က စွမ်းအားရှာခြင်းမှာ system က ကူညီပေးသောအခါ