Short story

21 2 1
                                    


လူတွေမုန်းပစ်လိုက်ရတာက လွယ်တယ်လို့ပြောကြတယ်။ ကိုယ်အရမ်းချစ်ရတဲ့လူကို မုန်းဖို့ကရောတကယ်ဘဲ လွယ်ကူရဲ့လား။
အဲ့ဒါတကယ် အပြောသက်သက်ဘဲကွာ။ မုန်းကြည့်ဖို့ ကြိုးစားဖို့နေနေသာသာ ဘေဘီ့အနားက ခွာဖို့ကိုတောင် ကိုယ်တစ်ခါမှ
မတွေးကြည့်ဖူးဘူး။ အတွေးလေးနဲ့တင်
ကိုယ့်မှာသေရမှာထက် ပိုကြောက်နေတယ်။ အကယ်၍များ ကိုယ်မုန်းပစ်ခဲ့လို့ ဘေဘီနဲ့ အဆက်အသွယ်ပြတ်ခဲ့ရင် ဘေဘီနေနိုင်မှာသိပေမဲ့ကိုယ်ကတော့ သောကတွေတစ်ပွေ့တစ်ပိုက်နဲ့ ဘဝခရီးရှည်ကြီးကို မျက်ရည်စမ်းစမ်းနဲ့ ဆက်လျှောက်ရတော့မှာ။ အကြင်နာ ကရုဏာတွေဆိုတာ ဘေဘီ့မျက်ဝန်းတွေထဲမှာကိုယ်လုံးဝ မမြင်ခဲ့ဘူးတဲ့အရာတွေလေ။ ရေပြင်ကျယ်မှာ ကျက်စားတဲ့ ငါးမန်းတွေတောင် ဘေဘီ့လောက် သွေးအေးမှာမဟုတ်ဘူး။ မျက်ရည်ခံထိုးလို့ မသနားတတ်တဲ့ လူစားမျိုးထဲမှာ
ဘေဘီ ထိပ်ဆုံးကပါမှာ သေချာတယ်။
အပြောင်းအလဲများတာမဟုတ်ဘူး ဘေဘီ
မင်းက တစ်သမတ်တည်းသွားနေခဲ့တာ။
ကိုယ့်ကိုယ်ထဲက သွေးတစ်ဝက်ဆုံးရှုံးသွားရင်တောင်မှ မင်းဆီက ကရုဏာဟပ်တဲ့
အကြည့်လေးတစ်ချက်ရဖို့က အ​​တော့်ကို
ခဲယဥ်းလွန်းတယ် ။

ကိုယ်က စကားသိပ်များတဲ့လူစားမျိုး မဟုတ်ခဲ့ဘူး။ ဒါပေမဲ့ ကိုယ်က ဘေဘီ့အနားမှာတော့ ကြက်တူရွေးတစ်ကောင်လို တတွတ်တွတ်နဲ့ ပြောနေမိတတ်တာ။ ကိုယ်ပြောတာ အခွန်းတစ်​ထောင်ရှိတယ်ဆိုရင်တောင် ဘေဘီ့နားထောင်မိလိုက်တာ တစ်ခွန်းစ နှစ်ခွန်းစဘဲ ပြီးတော့ အဲ့လို့နေ့မျိုးက ကိုယ်တို့တွဲလာတဲ့ သက်တမ်းတစ်လျှောက် လက်ချိုးရေကြည့်လို့တောင်ရပါတယ်။ ဘေဘီက အရမ်းစကားနည်းတယ်နော် ။ ဟိုတစ်နေ့ကဘေဘီကျောင်းကအပြန်မှာ မိုးသည်းလာတယ် ထီးလည်းပါမလာတော့ သစ်ပင်ကြီးအောက်မှာ ငူငူကြီးရပ်နေသေးတယ်။ ကိုယ်ဘေဘီ့ဆီရောက်လာတော့ ကိုယ့်ရဲ့ထီးကို မျက်စောင်းတခဲခဲနဲ့ လှမ်းကြည့်နေတယ်။ ကိုယ့်ထီးကို ကမ်းပေးလိုက်​​မိတော့ ဘေဘီက ပြတ်သားတယ်နော်။ ထီးလေးကိုယူပြီးတော့ စက်ဘီးလေးနင်းပြီးလှည့်ထွက်သွားတယ်။ ကျေးဇူးတင်စကားမပြောနဲ့ အနောက်ကိုတောင် တစ်ချက်လှည့်ကြည့်မသွားဘူး။ ကိုယ်တို့ချစ်သူတွေကြားမှာ လောကွတ်စကားတွေ ဘာတွေမလိုဘူးပေါ့လေ။ ဘေဘီ့ကို ထီးပေးလိုက်တော့ ကိုယ့်အိမ်ကို
မိုးသည်းကြီးထဲ လမ်းလျှောက်ပြန်လိုက်ရတယ်။ "အစ်ကိုရော ဘယ်လိုပြန်မလဲလို့တောင် မေးဖော်မရဖူး"။ ဘေဘီရပ်နေတဲ့ သစ်ပင်အောက်မှာတုန်းက "ထီးလေးငှားပါလို့" ဘေဘီလုံးဝမပြောဘူးနော်။ မျက်စောင်း
တစ်ချက်နဲ့တင် ကိုယ့်ထီးကိုပေးရမယ်ဆိုတဲ့ ရာဇသံက ကပ်ပါလာပြီးသား။ ဟုတ်တာပေါ့
ကိုယ့်တို့ကြားမှာ ဒါတွေ ပြောစရာမလိုဘူးကို။ ကိုယ်မိုးမိလို့ သုံးရက်လောက်ဖျားတုန်းက ဖုန်းလေးတောင်မဆက်ခဲ့ဘူး။ ဘေဘီက နည်းနည်းတော့ အနေအေးတယ်နော်။
အရင်တုန်းက ဘေဘီ အစားမှားပြီး ဗိုက်အောင့်နေတယ်ဆိုလို့ ဘေဘီ့အိမ့်ကို ကိုယ်အပြေးလာခဲ့ရသေးတယ်။ ပြန်ကောင်းပြီး နောက်နေ့အထိလည်း ကိုယ်မင်းကို ဖုန်းနဲ့အဆက်အသွယ်မပြတ်ခဲ့ဘူး။ ကိုယ့်ကို ဖုန်းဆက်ဖို့ ဘေမရှိလို့လား ဘေဘီ။ အစ်ကိုလို့
မက့်ဆေ့ချ်လေးဝင်တာနဲ့ တစ်ထောင်ဆိုတော ဘေအဖြစ် ဘေဘီ့ဖုန်းထဲရောက်ပြီးသားပါ။ အရင်လိုဘဲ မအားလို့ဆိုတဲ့ အဖြေစကားတစ်ခုတော့ဘေဘီ့ဆီကနေ မကြားချင်ကြားချင် ကြားရဦးမှာပေါ့။

မျှော်လင့်ချက် ပျိုးပင်လေး  ( Short Story )Where stories live. Discover now