Unicode
.
.
. "နင်က...ငါဖန်တီးထားတဲ့ဇာတ်ကောင်မဟုတ်ဘူး...နင်ဘယ်သူလဲ..."Ec စကားကြောင့် ယွန်းဟွာလန့်သွားသော်လဲ ဟန်ဆောင်ကာ
"ရား! နင်ဘာတွေပြောနေတာလဲ...အားရား...အခုခေတ်ကလေးတွေ စာလုပ်များပြီးဉီးနှောက်--"
"ငါက ဒီဝတ္ထုရဲ့ဖန်တီးသူ မိုဂျွန်း ပဲ....ငါ့ဇာတ်လမ်းမှာ ဇာတ်ကောင်စရိုက်ပြောင်းတာမသိရအောင် ငါကအရူးမှမဟုတ်တာ.... "
မျက်မှန်ကို လက်ခလယ်ဖြင့်ပင့်တင်ကာပြောလိုက်သော Ecစကားကြောင့် သူမမျက်မှောင်ကြုတ်မိသည်။တစ်ဆက်တည်းမှာပင်တွေးမိသည်က
'သူစောနက ငါ့ကိုဆဲလိုက်တာလား!!!လက်ခလယ်ကြီးနဲ့လေ!!!'
သူမအတွေးတွေကိုသိသည့်အလားပင် Ecက
"အဲ့တာ ငါအကျင့်ပါနေတာ...ကြည့်မရတဲ့သူတွေကိုဆဲရင်းနဲ့ အကျင့်ဖြစ်သွားတာ..."
"သြော်...ဒါနဲ့ နင်က ဒီဝတ္ထုရဲ့ဖန်တီးသူဆိုရင် နင်ကဘယ်လိုဖြစ်ပြီး ဝတ္ထုထဲရောက်နေတာလဲ..."
"ဟူးးးး"
အဖြစ်က ဒီလို.....။
~~Flash back~~
မိုဂျွန်းတစ်ယောက် မနက်အစောကြီး၉နာရီလောက်အိပ်ယာထကာ သူမဖုန်းကိုဖွင့်ကြည့်လိုက်သည်။ထိုအခါ နီရဲနေသော missed callများနှင့်အတူ သူမ၏ သူငယ်ချင်းက သူမ၏ficအသစ်အတွက် updateတောင်းထားသည်ကိုမြင်လိုက်ရလေသည်။
ထိုအခါ ဖုန်းပြန်ဆက်ကာ
"ဟဲ့ ငါဒီညupပေးမှာပါ...စိတ်မပူပါနဲ့..."
"........"
"အေး အေး..ဒါပဲ..."
ဖုန်းချပြီး မျက်နှာသစ်ရန် ရေချိုးခန်းဆီအသွားတွင် မနေ့ညက သူမ စားခဲ့သော ခေါက်ဆွဲဗူးခွံကိုတက်နင်းမိပြီးချော်လဲကာ နံရံနှင့်ခေါင်းနှင့်ဆောင့်မိပြီး လောကကြီးအမှောင်အတိကျသွားလေတော့သည်။
~~Flash back end~~~
"ငါလဲပြန်နိုးလာရော...ဒီဝတ္ထုထဲက ဟန်မိုဂျွန်း ဆိုတဲ့ငါနဲ့ရုပ်တူတဲ့ကောင်မလေးနေရာကိုရောက်နေရော..."
နို့အေးဘူးကိုသောက်ရင်း ပြောလိုက်သော Ecစကားအဆုံးတွင် ယွန်းဟွာသည် သူမလက်ထဲမှ ကိုလာဘူးကို သူမတို့ထိုင်နေသော ခုံပေါ်ကိုချကာ

YOU ARE READING
ဘုရားစူး!ငါကဗီလိန်ပါဟ ဇာတ်လိုက်မ မဟုတ်ဘူးလို့ [Normal]
Fantasyစိတ်ထားကောင်းပေမဲ့ မဟုတ်မခံ ဟုတ်ရင်လဲမခံတတ်တဲ့ စိတ်ဓာတ်ရှိသူလေး ရှေးရေးထင်... သူမဟာ ရုတ်တရုက်ဆိုသလို ဓာတ်လှေကားပျက်ကျမှုမှာသေဆုံးခဲ့ပါတော့တယ် ထိုဓာတ်လှေကားပျက်ကျမှုဟာ သာမရိုးကျလဲမဟုတ်နေသလို သူမရဲ့ပြင်းပြတဲ့ဇောကြောင့် နောက်တစ်ကြိမ်အသက်ရှင်သန်ခွင့်ရရှ...