Extra - 8

999 61 21
                                    

[Unicode]

နှာအိုးမှတစ်ဆင့်လှိုက်တက်လာသော ရှိန်းတိန်းဖိန်းတိန်းခံစားမှုမှာ မျက်ဝန်းတစ်ဝိုက်အား ပြင်းထန်လှသော pressure ပေးအပြီးတွင် ပူနွေးစိုစွတ်သော အရည်ကြည်တစ်ချို့အား သူ့အလိုအလျောက် စိမ့်ထွက်လာစေ၏။

ဤသည်ကို 'မျက်ရည်' ဟုခေါ်သည်တဲ့။

"ဖောက်!..."

ပြောရင်းဆိုရင်း ပေါင်ရင်းပေါ်သို့ တစ်စက်သက်ဆင်းသွားပြန်သည့် ထို။

ခုနကအထိ သံမဏိဖြစ်နေခဲ့တဲ့ငါက အခုတော့ဘာမဆိုင်၊ ညာမဆိုင်ငိုနေရပြန်ပြီတဲ့လား...။

ရုပ်ပေါက်ချက်ပဲဟေ့!...။

"အရှိန်လျော့~...အုံး...ထယ်ရယ်~..."

"ဟုတ်တယ်...အရှိန်လျော့ပါ~...ဦးဦးထယ်~...ဂျောင်းမင်ကြောက်နေ~...ဗျ~..."

နားတွင်းဝိုးတဝါးကြားနေရသော စကားသံများမှာ နားစည်ကိုထိအောင် ရိုက်ခတ်နိုင်သော်လည်း လီဗာနင်းထားသည့် ခြေထောက်များကိုတော့ဖြင့် ရပ်တန့်အောင်မစွမ်းဆောင်နိုင်ခဲ့။

တစ်ခုပြီးတစ်ခုဖြတ်ကျော်လာခဲ့သော မိုင်တိုင်များနှင့် ပတ်ဝန်းကျင်အခြေအနေအရ ဖိုးလေးတို့အိမ်နှင့် တော်တော်ဝေးဝေးရောက်နေပြီဆိုတာကို ထယ်ယောင်းသိသော်လည်း တင်ထားသည့်လီဗာအား တမင်မလျော့မိသေး။ စိတ်ကူးတောင်မယဉ်ဖူးသည့် ဖြစ်ရပ်တစ်ခုအား မှီအောင်လိုက်စဉ်းစားရန်အတွက် အချိန်ယူနေရသောကြောင့် တမင်အရှိန်မလျော့မိတာဆို ပိုမှန်လေမလားပဲ။

ထိုအခိုက် ပေါင်ရင်းနားတစ်ဝိုက်မှ ထပ်မံခံစားလာရပြန်သော ပူနွေးနွေးအတွေ့ကြောင့် မျက်မှောင်ကျုံ့ရင်းမှ တောင်းဆုပြုမိသည်မှာ မျက်ရည်တစ်စက်သာ ဖြစ်နေဖို့အတွက်။ သို့သော် ကံတရားမှာ မိမိအား မျက်နှာသာပေးထားပုံမရ။ ပိုဆိုးသည်မှာ ထယ်ယောင်းရှိနေသည့်ဘက်သို့ -ျီးတောင်လှည့်မပေါက်ခြင်းပင်။

အတန်ကြာသည်အထိ ပျက်ပြယ်သွားခြင်းမရှိသေးသော တအုံနွေးနွေးထိုအတွေ့ကြောင့် အလိုမကျစွာ ငုံ့ကြည့်မိပါတော့ ထင်သည့်အတိုင်း ဖြစ်လို့နေ၏။

ADORABLE hyung [Completed]Where stories live. Discover now