Part 2

1.8K 253 10
                                    

Unicode

ကျောင်းဝန်းအတွင်း သန့်ရှင်းရေးလုပ်ပြီးနောက် ရှောင်းကျန့် စုတ်တံနှင့်စက္ကူချပ်များကိုယူကာ ဝူချန်ကျောင်းတော်၏ အနောက်ဘက်တောစပ်သို့ အပြေးလေးထွက်လာလိုက်သည်။

"‌နောက်တော့မကျလောက်ပါဘူးနော်"

ရှောင်းကျန့် တောစပ်သို့ရောက်တော့ ထိုင်နေကျ ဝက်သစ်ချပင်ကြီးအောက်တွင် သခင်လေးက ရောက်နှင့်နေလေပြီ။ လူအများနှင့်ရောထွေးမနေတတ်ဘဲ တစ်ဦးတည်းသီးခြားသာနေတတ်သည့် သခင်လေးက ညနေပိုင်း စာသင်ချိန်ပြီးသည့်အချိန်များဆို ဒီနေရာလေးလို့ရောက်လာတတ်ပြီး စာပေလေ့လာတတ်သည်။ ကျေးငှက်သံများမှ လွဲ၍ တိတ်ဆိတ်နေတတ်သည့်မို့ သခင်လေး၏ ခပ်တိုးတိုး စာပေရွတ်ဖတ်သံလေးကိုသာ ကြားနေရသည်။ စာအုပ်ကို လက်တစ်ဖက်နှင့် ကိုင်ထားရင်း ကျန်လက်တစ်ဖက်ကို ဒူးတစ်ဖက်ပေါ်သို့တင်ကာ ဝက်သစ်ချပစ်‌ခြေရင်းအား မှီ၍ ထိုင်နေသည့် ပုံရိပ်လေးကို ရှောင်းကျန့် အဝငေးပြီးမှ ‌ခြေသံဖွဖွနင်း၍ သခင်လေးနှင့် မလှမ်းမကမ်းမှာ ထိုင်ချလိုက်သည်။ ကျမ်းဂန်စာပေကို စိတ်ပါဝင်စားစွာ ဖတ်ရှုနေသည့် သခင်လေးမှာ သူရောက်ရှိနေသည်ကိုပင် သတိထားမိဟန်မတူ။

"အကြင်သူသည် မွန်မြတ်ခြင်းမရှိခဲ့၊လူ့လောကအား အကျိုးတစ်စုံတစ်ရာပြုဖူးခြင်းမရှိခဲ့။အကြင်သူသည် ဆိုးသွမ်းသူဖြစ်ရခြင်းကိုရှက်၏။ အရှက်တရားကိုသိခြင်းသည် ရဲစွမ်းသတ္တိနှင့် အနီးစပ်ဆုံးဖြစ်ပေ၏"

ရှောင်းကျန့် သခင်လေးရွတ်ဆိုနေသည့် စာပိုဒ်ကို နားထောင်ရင်း သခင်လေး၏ ပုံတူပန်းချီကို ထိုင်ဆွဲနေလိုက်သည်။ အစေခံမျိုးရိုးဖြစ်သည့် ရှောင်းကျန့်မှာ ပညာသင်ကြားခွင့်မရှိသော်ငြား ငယ်စဉ်ကတည်းက ကျောင်းတော်ကို အလုပ်အကျွေးပြုလာသူမို့သနားကြင်နာတတ်သည့်ကျောင်းသားအချို့၏ တစ်လုံးစနှစ်လုံးစ သင်ကြားပေးမှုကြောင့် စာရေးတတ်ဖတ်တတ်သည့်အပြင် ထူးကဲလှသည့် ဉာဏ်ရည်ကြောင့် တစ်ခါကြားရုံ တစ်ခါဖတ်ရုံနှင့်ပင် အလွတ်ပြန်ရွတ်ပြနိုင်သည်အထိ ထူးချွန်သူဖြစ်သည်။ ပညာသင်ကျောင်းသားမဟုတ်သော်လည်း စာသင်ဆောင်များအနား သန့်ရှင်းရေးလုပ်ရင်း ကွန်ဖြူးရှပ်ဝါဒ စာစဉ်များအကုန်နားရည်ဝသည်အထိ လေ့လာမှတ်သားဖူးသည်မို့ ပညာသင်ကြားခွင့်သာရှိလျှင် ထိပ်တန်းကျောင်းသားတစ်ဦးဖြစ်လာနိုင်ပေလိမ့်မည်။

Rúyǎ Fēngdù 儒雅风度Where stories live. Discover now