အပိုင်း ၁
ခမ်းနားထည်ဝါလှတဲ့ အိမ်ကြီးတွေနဲ့ပြည့်နေတဲ့ ခြံဝမ်းကျယ်ကြီးက အပြင်ဘက်ကကြည့်မယ်ဆိုရင်တောင်ရင်မောဖွယ်ရာ မျက်စိတစ်ဆုံးပင် ထိုစံအိမ်ကြီးက မဟာစံအိမ်တော်ကြီးပင်စံအိမ်ကြီ၏အရှင်သခင်ဦးမင်းမဟာမြတ်နဲ့သခင်မကြီးဒေါ်ခင်ခတ္တာပင်ဖြစ်သည်။အိမ်ကြီးရှင်သခင်မကြီးကတော့ သခင်းလေး ဂွန်းမဟာဗိုလ်ကို မွေးဖွားပီးငါးနှစ်ကြာတော့ဆုံးသွားခဲ့တာမို့ သခင်လေးဂွန်းကစံအိမ်ကြီးရဲ့ အရေးကြီးဆုံးသောသခင်လေးဖြစ်လာခဲ့သည်။စော်ဘွားမျိုးရိုးဖြစ်တာကြောင့်ချမ်းသာကြွယ်ဝမှုကပြောလို့ပင်ကုန်နိုင်မည်မထင်ပေ။
ခုဆိုသခင်လေးဂွန်းကအသက်၁၁နှစ်ပင်ရှိပြီဖြစ်သည်။
✨✨✨
ခြံထဲတွင်ဘောလုံးဆော့နေသောဂွန်း ဘေးတွင်လည်း အခြွေအရံများကစောင့်ကြပ်လျှက်ရှိသည်။ဂွန်းကစားနေသောဘောလုံးလေးကသစ်ပင်ဘက်သို့လိမ့်ထွက်သွားသောကြောင့် ဘောလုံးကောင်ရန်သစ်ပင်ဘက်သို့လျှောက်လာခဲ့တော့ ဘောလုံးနှင့်အတူပေါ်လာသော ဝဝတုတ်တုတ်ဆံပင်ကောက်ကောက်အသားဖြူဖြူနဲ့ရုပ်ဆိုးဆိုးကောင်လေးက ဂွန်းဘောလုံးလေးကိုကိုင်ရင်းဂွန်းရှိရာသို့ရောက်လာပီး ဘောလုံးလေးအားဂွန်းစီကိုပေးလာသည်။"ကိုကို့ ဘောလုံးရော့ သားကောက်လာပေးတာ"
"ဘောလုံးကောက်လာပေးလို့ ကျေးဇူး, ငါ့ကို ကိုကိုလို့မခေါ်နဲ့ဖတ်တီး"
"ဖေဖေက ကိုကိုလို့ခေါ်ရမယ်လို့ပြောထားတယ်"
"အရပ်ပုသလောက်လေကရှည်နေပြန်ပီ ငါကမခေါ်နဲ့ဆိုမခေါ်နဲ့ပေါ့"
"ဟုတ်,ကိုကို..အဲ့မှားလို့,အကို"
"သွားတော့ ငါ့ရှေ့မှာပေါ်ပေါ်မလာနဲ့ဖတ်တီး"
"ဘာလို့လဲ, အကို"
"ရှည်ပြန်ပီ! ဖေဖေ့ကိုပြောလိုက် တစ်ခြားစံအိမ်မှာပဲနေချင်တယ်လို့ ငါမင်းနဲ့ တစ်အိမ်ထဲမနေနိုင်ဘူး မဟာစံအိမ်ထဲမှာအိမ်တွေအများကြီးရှိတယ် ငါနေတဲ့အိမ်တော်ကလွဲရင် ကြိုက်တဲ့စီမှာနေ ငါပြောတာကြားလား "
"ဟုတ်"
"ငါကပြောင်းနေခိုင်းတယ်လို့မပြောနဲ့နော် ဖေဖေ့ကိုငါကပြောင်းခိုင်းတယ်လို့ပြောကြည့် မင်းအသေပဲနော်ဖတ်တီး"
ESTÁS LEYENDO
💛အဖြူရောင်နှောင်ကြိုး💛ခေတ္တရပ်နား🙏
Romanceအမွေရဖို့အတွက်နဲ့ ရုပ်ဆိုးနဲ့ဖတ်တီးကြီးကိုလက်ထပ်ဖို့များ ဘာလို့စီစဉ်ခဲ့တာလည်းဖေဖေရာ တစ်ဦးတည်းသောသားဖြစ်တဲ့ ကျွန်တော်ကိုပေးခဲ့လည်းရနေတာကို မွေးစားသားရုပ်ဆိုးကြီးနဲ့လက်ထပ်ဖို့ ဖေဖေမို့စီစဉ်ရက်တယ် ဂွန်းမဟာဗိုလ် ဖေဖေစီစဉ်တဲ့အတိုင်းလိုက်နာဖို့အဆင...