6

261 46 37
                                    

Unicode

" မင်း မင်း ဘာလုပ်မလို့လဲ "

" ဘာမှမလုပ်ပါဘူး ငါ မင်းမျက်နှာမှာ အဖုအပိမ့်ထွက်နေတာလားလို့ "

ကုန်းကျွင့်၏စကားကြောင့် ကျန်းကျယ်ဟန့်သည် သူ့မျက်နှာသူ ကိုင်ကြည့်မိကာ ပြန်ပြော၏။

" အပိုတွေ ငါက အသားအရေကောင်းပြီးသား "

" အေးပါ ငါအမြင်မှားသွားတာ ၊ အဟီး..."

ကုန်းကျွင့်သည် အိပ်ရာပေါ်မှ ဆင်းလိုက်ပြီးနောက် နမ်းရန်ကြိုးစားမိခြင်းအတွက် စိတ်မလုံဖြစ်နေမိလေသည်။
ကျန်းကျယ်ဟန့်ကလည်း မူမမှန်ဖြစ်နေသော ကုန်းကျွင့်၏ မျက်နှာကို မော့ကြည့်နေရင်း

" မင်း နေမကောင်းဘူးလား ဘာဖြစ်နေတာလဲ "

ဟု မေးကာ သူပါ ကုတင်ပေါ်မှဆင်းလာ၏။

ကုန်းကျွင့်သည် အိပ်မက်များကို အခုအထိမြင်ယောင်နေဆဲဖြစ်ကာ ကျန်းကျယ်ဟန့်ကို မြင်နေရသည်ကိုပင် ရင်တုန်နေဆဲဖြစ်လေသည်။
ကျန်းကျယ်ဟန့်ကမူ ကုန်းကျွင့်၏နဖူးကို လက်တင်ကာ စမ်းလိုက်သည်။
ထို့နောက် သူ့နဖူးပေါ်သူ့လက်သူတင်ကာ စမ်းလိုက်ပြီး

" မဖျားပါဘူး၊ ခေါင်းကိုက်စရာရှိရင် ငါပဲ ကိုက်ရမှာလေ မင်းက ညက သောက်မှမသောက်ဘဲနဲ့ "

ကုန်းကျွင့်သည် ကျန်းကျယ်ဟန့်၏ လက်ကို ဆွဲဖယ်လိုက်ပြီး ခြောက်ကပ်ကပ်ရယ်သံဖြင့် သူ့အခြေအနေကို ပေါ့ပါးစေလိုက်သည်။
သို့သော် ပေါ့ပါးမသွားသည်ကိုမူ သူ့စိတ်ကို သူသာ နားလည်လေသည်။

" ဘာ.. ဘာမှမဖြစ်ပါဘူး.. မင်းရော အိပ်မက်မမက်ဘူးလား "

" ဟင် ! "

ကျန်းကျယ်ဟန့်သည် တအံ့တဩမျက်နှာလေးဖြင့် ကုန်းကျွင့်ထံကြည့်လာလေသည်။
ကုန်းကျွင့်ကလည်း ကျန်းကျယ်ဟန့်၏မျက်လုံးများကို စိုက်ကြည့်ကာ အဖြေကို မျှော်လင့်နေ၏။

ကျန်းကျယ်ဟန့်သည် ကုန်းကျွင့်၏ အူကြောင်ကြောင်မျက်လုံးများကို ပြန်စိုက်ကြည့်ကာ ရယ်မောလိုက်လေသည်။

" ဟား..... မင်းက အိပ်မက်ဆိုးမက်လို့လား... မင်း‌ပဲ အိပ်မက်ဆိုတာ စိတ်စွဲလို့မက်တာဆို ၊ အခု မင်းပုံစံက အိပ်မက်ဆိုးမက်လို့ ကြောက်နေတဲ့ ကလေးလေးအတိုင်းပဲ "

Red Love Knots ( Uni & Zgyi )Where stories live. Discover now