Unicode
ရှောင်ရီနှင့် တစ်ခြားသူများ ထွက်သွားသည်ကိုမြင်လိုက်ရသောအခါ ရှောင်ကျင့်ထျင်လည်း စိတ်သက်သာရာရသွားခဲ့သည်။ ရှောင်ကျင့်ထျင်သည် သူတို့မထွက်ခွာမီ ကလေးမလေး၏ ရက်စက်ကြမ်းကြုတ်သောအကြည့်ကို တွေးလိုက်သောအခါ ခေါင်းကိုက်လာသည်။ ရှေးစကားတစ်ခွန်းကို သတိရမိသည်- 'သင့်လျော်သော စေတနာဖြင့်သာ လူကို ကျေးဇူးသိတတ်၏။' မူလပိုင်ရှင်သည် ဆိုးသွမ်းသော ကလေးနှစ်ယောက်ကို အလိုလိုက်ဖျက်ဆီးခဲ့သည့်အတွက် ယခုပင် သူ့ကို ဒေါသတကြီး ဖြစ်နေကြသည်။ ဒါပေမယ့် ဒီကလေးနှစ်ယောက်က ကြီးပြင်းမလာသေးသည့်အတွက် သူဂရုမစိုက်ပေ။
" မင်းတို့ ပိုက်ဆံရလာပြီလား? "ရှောင်ကျင့်ထျင်က ရှောင်ရှောင်ဖန်ကို မေးလိုက်သည်။
ရှောင်ရှောင်ဖန်က သူ့ရင်ဘတ်ကိုပုတ်လိုက်ပြီး အတွေ့အကြုံရသလိုဟန်ဆောင်ကာ " အဖေ၊ သားနဲ့အတူ အလုပ်တွေလုပ်နေရလို့ စိတ်ပူနေတာလား? " သူကမေးလိုက်သည်။
ရှောင်ကျင့်ထျင်က ပြုံးပြုံးလေးနဲ့ခေါင်းညိတ်ပြပြီး " လုံးဝ မဟုတ်ဘူး၊ မင်းက အရမ်းအရည်အချင်း ရှိတယ်။ အဖေ မင်းကို ယုံကြည်တယ်။ "
" ငွေက အစ်ကို့လက်ထဲမှာ။ အစ်ကိုက နံပါတ်မှန်တယ်ပြောတယ်။ အစ်ကိုက ဂဏန်းသင်္ချာ မတတ်လို့ ဂဏန်းအမှားကို ရေတွက်မိရင် ဒါက သားနဲ့မဆိုင်တော့ဘူး။ " လို့ ရှောင်ရှောင်ဖန်က ပြောသည်။
ရှောင်ရှောင်တုန်က ရှောင်ရှောင်ဖန်ကို တစ်ချက်ကြည့်ကာ " မင်းလိုပဲ ငါကမိုက်မဲနေတယ်လို့ မင်းထင်နေလား? "
ရှောင်ရှောင်ဖန်က မကျေမနပ်ဖြစ်ကာ ရှောင်ရှောင်တုန်ကို စိုက်ကြည့်လိုက်သည်။ ရှောင်ကျင့်ထျင်၏ ပေါင်ကိုကိုင်ကာပွတ်သပ်နေပြီး မကျေမနပ်ဖြင့်ပြောသည်: " အဖေ၊ သား အစ်ကိုက သိပ်မကောင်းဘူး။ သူက သား မိုက်မဲတယ်လို့ အမြဲပြောတယ်၊ ဒါပေမယ့် သားက တစ်ခါတစ်လေတော့ အရမ်းစွမ်းရည်ရှိပါတယ်! "
" ဟုတ်တယ်၊ ဟုတ်တယ်! ရှောင်ဖန်က အရမ်းစွမ်းရည်ရှိတယ်။ "
ရှောင်ကျင့်ထျင် ပြောသည်ကိုကြားသောအခါ ရှောင်ရှောင်ဖန်သည် ကျေနပ်အားရစွာဖြင့် သူ၏ မေးစေ့အား ရှောင်ရှောင်တုန်ဆီသို့ ပင့်မြှောက်ပြလိုက်သည်။
YOU ARE READING
ဝိညာဥ်ရေးရာအပင် ဆရာသခင်အဖြစ် ကူးပြောင်းလာခြင်း
SpiritualBoth Unicode and Zawgyi are available! Title - 穿越之灵植师 Author - Ye Yiluo (叶忆落) Type - Web Novel (CN) Status in COO - 397 chapters (Complete) Original publisher - LC Read Genre - Action, Adventure, Mature, Romance, Shounen Ai, Xianxia I do not own a...