extra-I

4.8K 319 15
                                    

Zawgyi //

" cyclamen တွေကြောင့်ထင်တယ် "

" ဘာကလဲ "

" ငါတို့ခွဲခွာခဲ့ရတာ ။ အဲ့နေ့က cyclamen တွေ ဝယ်လာခဲ့မိလို့နေမယ် ။ cyclamen ရဲ့တခြားအဓိပ္ပါယ်က နှုတ်ဆက်ခွဲခွာခြင်းတဲ့ ။ "

ဒါက အခြေအမြစ်မရှိစွပ်စွဲခြင်းလည်းဖြစ်သလို အယူသီးတာလည်းဟုတ်တယ် ။ နှစ်ယောက်လုံးရဲ့အပြစ်ကို မသက်ဆိုင်တဲ့ နူးညံ့တဲ့ပန်းပွင့်လွှာလေးပေါ်ကို ပုံချပစ်လိုက်တာ ။

" ဒါက လွဲချော်မှုတစ်ခုပါ ။ ကိုယ့်ရဲ့လွဲချော်မှုတွေ ။ ပြဿနာအရင်းအမြစ်က ကိုယ့်ဆီကနေစခဲ့တာ "

" မဟုတ်တာ.. "

ထယ်ယောင်းရဲ့လက်ချောင်းသွယ်သွယ်လေးတွေက ဂျောင်ကုရဲ့ပါးပြင်ကို နူးနူးညံ့ညံ့လေးပွတ်ဆွဲနေကြတယ် ။ လက်ချောင်းထိပ်လေးတွေကနေတစ်ဆင့် ငယ့်ရဲ့ရင်တွင်းရှိုက်သံကို သူခံစားမိတယ် ။ မျက်ဝန်းဝက ဝေ့သီလာတဲ့အရည်ကြည်တွေ....

" ကိုယ့်ကြောင့် တော်တော်လေးနာကျင်ပြီး ဒုက္ခတွေများခဲ့ရမှာ ။ ကိုယ့်ကြောင့်နဲ့... "

" မဟုတ်ပါဘူး ။ ဘာလို့ မင်းတစ်ယောက်တည်းရဲ့အပြစ်တွေပဲ ဖြစ်ရမှာလဲ ဂျွန်ရယ် ။ တကယ်ဆို မင်းလက်ထဲကို မီးအိမ်ကမ်းပေးခဲ့တာက ငါပါ "

" အဲ့ဒီမီးအိမ်လေးက ငယ်မရှိတဲ့အချိန်တွေမှာ ကိုယ့်ကိုအလင်းရောင်ပေးခဲ့တာပါ ။ တခြားအဓိပ္ပါယ်တွေ မတွေးပါနဲ့တော့လား "

ဒီတခါတော့ နဖူးချင်းထိကပ်လိုက်ပြီး နှစ်ဦးသားငြိမ်သက်နေမိသည် ။ တနည်းအားဖြင့်တော့ ဒဏ်ရာတွေကိုကုစားပစ်လိုက်တာပေါ့ ။ လုံးလုံး မပျောက်ကင်းသွားတောင် အမာရွတ်လောက်လေးတော့ကျန်ခဲ့ကောင်းကျန်ခဲ့လိမ့်မယ် ။

" ကိုယ်တို့မှာ သမီးလေးရှိနေပြီပဲ ။ အခု အစကနေပြန်စကြရအောင်လား ။ နော်.. "

" သမီးလေးက မင်းနဲ့သိပ်တူတာပဲ "

" ငယ်က သိပ်ချစ်ပေးခဲ့လို့နေမယ် "

ဒီလိုပြောတော့ ငယ်ကပြုံးသည် ။

" လွမ်းနေခဲ့တာ ။ ငယ့်အပြုံးတွေကို လွမ်းနေခဲ့ရတာ "

' VOW '  ( completed )Onde histórias criam vida. Descubra agora