39

5.9K 560 62
                                    

(U)

Ep(39)Highlight~
"ငါ.....ငါ ဆယ့်ရှစ်မပြည့်သေးဘူးနော်"

✰♪✰♪✰♪

လမ်းမှာ ခဏလောက်နားပြီး နောက်ထပ်တစ်နာရီလောက် ကားမောင်းအပြီးတွင် 'စံသာမြို့မှ လှိုက်လှဲစွာ ကြိုဆိုပါ၏။´ဆိုတဲ့ ရွှေရောင်ဆိုင်းဘုတ်ကြီးကို တွေ့မြင်လိုက်ရသည်။
တစေ ဖုန်းကိုထုတ်ပြီး Hotelမန်နေဂျာကို ဖုန်းဆက်ပြီး သူတို့ရောက်တော့မည်ဖြစ်ကြောင်း လှမ်းအသိပေးလိုက်သည်။
အဲ့နောက် ဆယ့်ငါးမိနစ်လောက်ကားထပ်မောင်းအပြီးတွင် ဒေါ်ဝေနှင်းဆီတို့ရဲ့ မောင်ရောင်နီစံအိမ်ရှေ့တွင် ကားရပ်လိုက်ကြတော့သည်။
အိမ်ကြီးက အုတ်တွေနဲ့ပြန်လည်တည်ဆောက်ထားပုံပေါ်ပေမယ့် ရှေးမူမပျက်စေရန် ကျွန်းသားအထပ်ထပ်ကိုပါ ထည့်သွင်းထားသေးသည်။
ခြံရှေ့ကနေကားဟွန်းတီးသံကြားတာနဲ့ ခြံစောင့်ဦးကြီးက ပြေးထွက်လာပြီး တံခါးဖွင့်ပေးသည်။
ခြံတံခါးရဲ့ဘေးက ခရေပင်ကြီးမှာ ဘယ်လောက်တောင် အိုဟောင်းနေပြီလဲမသိပေမယ့်
ခရေပွင့်ကားကားကြီးတွေနဲ့ လိမ္မော်ရောင် အသီးတို့သည် အပင်ပေါ်မှာတစ်မျိုး အပင်အောက်တွင် တစ်ဖုံ မြောက်များစွာရှိနေကြသည်။

တစေတစ်ယောက် သူ့ရဲ့လည်ပင်းမှာဆွဲထားတဲ့ Vapeကို ခရီးဆောင်အိတ်ထဲထည့်ရင်း လက်ဆောင်ထုပ်တွေကို ကိုင်၍ ကားထဲကနေဆင်းလိုက်သည်။
ကင်းလည်း 'ရန်ရှင်း ပိုးထည်တိုက်´ဆိုတဲ့ စာတန်းပါတဲ့ အဖြူရောင်စက္ကူအိတ်ကို ဆွဲကာ အိမ်ထဲသို့ ဝင်ရန်ပြင်သည်။

အဲ့အချိန်အိမ်အပေါ်ထပ် ဝရံတာကနေ ထွက်ကြည့်ပြီး လှမ်းအော်ပြောတဲ့ စန္ဒာအေးဝေ။
"ဟယ် တစေနဲ့ကင်းပါလား ကာကာရေ အောက်မှာ တစေတို့ရောက်နေတယ် ထွက်ကြိုလိုက်ဦး"

စန္ဒာက အော်လည်းအော် အောက်ကို ဆင်းလာဖို့လည်း ပြင်လိုက်သည်။
အလင်္ကာကတော့ မမလေးရဲ့အသံကိုကြားတာနဲ့ ခါးလေးဆန့်ပြီး မျက်လုံးလေးတွေ ဝိုင်းတက်သွားသည်။
တစေက သူစံသာကို လာမယ်လို့ပဲ ပြောထားတာပါ။
ဒီအိမ်ကို တန်းလာမယ်လို့ မပြောဖူးပါဘူး။
အလင်္ကာ အခန်းတံခါးကို ဆွဲဖွင့်ပြီး အိမ်အောက်ထပ်ကို အမြန်ပြေးဆင်းသွားသည်။
အိမ်က ဟင်းချက်တဲ့ အဒေါ်ကြီးကတောင်
"ဖြည်းဖြည်းဆင်း မပြေးနဲ့လေ"ဟု လှမ်းအော်ရတဲ့အထိ အလင်္ကာ့ခြေလှမ်းတွေ မြန်ဆန်နေတော့၏။
အိမ်တံခါးဝကို ရောက်တော့ ခြံထဲကနေ အိမ်ထဲကို လမ်းလျှောက်လာကြတဲ့ မမကြီးနဲ့ တစေတို့နှစ်ယောက်ကို တွေ့လိုက်ရသည်။
မမကြီးက တစေတို့နှစ်ယောက်ကို စကားပြောရင်း
အလင်္ကာကိုမြင်တော့ မျက်လုံးတို့တောက်လျက် လှမ်းပြုံးပြသည်။
"ကာကာ သူငယ်ချင်းတွေကို အိမ်ထဲခေါ်လိုက်ဦးလေ"

တစ္ဆေအလင်္ကာ/တစၧေအလကၤာ(Completed)حيث تعيش القصص. اكتشف الآن