ငယ်ကချစ်တဲ့ မမသဲ ( စ/ဆုံး )

3.2K 13 0
                                    


ငယ်ကချစ်တဲ့ မမသဲ ( စ/ဆုံး )

နွေဦးကာလတစ်ခု၏တိမ်ထူသော ညနေခင်းတစ်ခုတွင် ကျွန်တော်နှင့်မမသဲတို့ စတင်တွေ့ဆုံခဲ့ကြသည်။ ကျွန်တော်က လူပျိုပေါက်အရွယ် ရှစ်တန်းနှစ်တက်ရန် ကျောင်းပိတ်ထားသောအချိန်၊ မမသဲက ၁၀တန်းကို နှစ်ခါကျပြီး ကျောင်းပြန်တက်ရန် ပြင်ဆင်နေသော ကာလ၊ ကျောင်းပိတ်ရက်ဖြစ်သဖြင့် ကျွန်တော်တို့သူငယ်ချင်းတသိုက် မီးကုန်ယမ်းကုန်ဆော့ရန် ပြင်ဆင်နေကြသည်။ပိုက်ကျော်ခြင်းခတ်ရန်အတွက် မြေကွက်လပ် ကျယ်ကျယ်၀န်း၀န်းရှိသော ကျော်စိုးတို့အိမ်ရှေ့တွင် ခြင်းကွင်းဖောက်နေခြင်းဖြစ်သည်။

'ရွှတ်....ရွှတ်'

တိုင်စိုက်ရန်အတွက် တွင်းတူးနေရင်း ကျော်စိုးအသံကြောင့် ကျော်စိုးမေးငေါ့ပြရာသို့ မျက်လုံးကိုဝေ့ကြည့်မိသည်။ တဘက်ခြံရှိ လက်ဘက်ရည်ဆိုင် ထဲမှ ညိုလဲ့ရွှမ်းစိုသော မျက်၀န်းတစ်စုံနှင့် ရင်ဆိုင်တိုးမိသည်။ ဖိုကနဲ


'ငါတို့ထက်တော့ အသက်ကြီးမယ်ကွ မိုက်တယ်နော်ဟေ့ကောင်'

ကျော်စိုးစကားကိုသူဘာမှမတုံ့ပြန်မိ။ သူ့အာရုံတွေသည် ခေါင်းအငုံ့တွင်

၀ဲကနဲဖြစ်သွားသော ဆံပင်ရှည်ရှည်များပေါ်တွင်သာ၊ အဲဒီညက သူ့အိမ်မက်ထဲတွင် ဆံပင်ရှည်ရှည်နှင့် နတ်သမီးတစ်ပါး၀င်ရောက်လာခဲ့သည်။

'ဒါ သဲသဲဇော် တဲ့'

မိတ်ဆက်ပေးသောသူငယ်ချင်းဖြစ်သူ ကေသီ့စကားအဆုံးတွင် ပျောက်ဆုံးသွားသော အရာတခုကိုပြန်ရလိုက်ရသလို ခံစားရသည်။ သူမကို သူငယ်ချင်းဖြစ်သူ ကေသီ့အလှူပွဲတွင် ဆုံဆည်းရလိမ့်မည်ဟု မျှော်လင့်မထားမိ။ ရွှမ်းစိုနေသော မျက်၀န်းအစုံကိုစိုက်ကြည့်ရင်း

'ကျွန်တော့်နာမည် အောင်မော်သန့် ပါ'

'မင်းကို မ သိပါတယ်ကွာ၊ မင်းဇော်တို့အိမ်ရှေ့မှာ ခြင်းခတ်နေကြမဟုတ်လား'

ငယ်ကချစ်တဲ့ မမသဲWhere stories live. Discover now