စံအိမ်မှာဖြစ်တဲ့ ရန်ပွဲ ပြီးထဲက ကျူးကောင်လေး အကောင်လိုက်မပြောနှင့်...အရိပ်အစလေးပင်မမြင်ရသည်မှာ တစ်ပတ်ပင်ရှိပြီ..။
အဲ့နေ့ကပေးလိုက်တဲ့အမှတ်တရလက်ဆောင်
ရဲရဲလေးကြောင့်များ ရှက်သွားပြီးဘယ်မှမထွက်ရဲတဲ့အထိဖြစ်သွားတာများလား.....အကျင့်ဖြစ်အောင်ကြံတိုင်းပေးပစ်အုန်းမှဆိုတဲ့သံဓိဋ္ဌာန်ကိုမိုးထိချလိုက်သည်။"ဆရာ..သွားဖို့အဆင့်သင့်ဖြစ်ပါပြီဗျ"
"အေး"
The ရဲ့အသံကြားမှ ကိုယ့်အတွေးနဲ့ကိုယ်ကျေနပ်နေကာ ပြုံးစစဖြစ်နေမည့်မျက်နှာပိုးကိုအလျင်အမြန်သတ်လိုက်ရ၏။
"လခွီးဆရာ ငါ့ကိုရီနေပြန်ပြီနေမှာ"
The အသံခပ်တိုးတိုးနဲ့ မိုးထိကိုကျိန်ဆဲလိုက်ပြီး ရှေ့ရက်များက သူ့ဆရာရဲ့
"သပြေသီးတောင်မင်းမျက်နှာလောက်မှည့်ရင်းပြီးချိုမှည့်နေမဲ့ပုံမပေါ်ဘူးကွာ.."ဟုဆိုကာ မပြုံးစဖူးထပြုံးတုံးတုံးလုပ်ကာ အစီရင်စာလာတင်တိုင်းဖဲ့လေ့ရှိသည့်ဆရာ့မျက်နှာကြီးသာပြေးမြင်ယောင်လာမိကာမေတ္တာအလုံးစုံပေးပို့လိုက်ပြီး"ဆရာ ဒီနေ့ကအရင်ထက် ပါဆယ်သယ်ရခက်ပါမယ်"
"ကျုပ် ကျူးကောင်လေး ဘယ်အရပ်မှာလျှောက်ပတ်ဆော့နေလဲ"
"ခင်ဗျာ.."
မိုးထိရဲ့ကားဆီသွားနေတဲ့ခြေလှမ်းများကရပ်သွားကာ Theထံအကြည့်စူးစူးရောက်လာသည်မို့...ဦးနှောက်ကိုအလျင်အမြန်အလုပ်ပေးလိုက်တော့ဉာဏ်အလင်းထဲရှင်းရှင်းလင်းလင်းမြင်လာစေသည့်ထိုနေ့ကလည်ပင်းလူကိုက်မြင်ကွင်းပင်...။
"စမ်းလဲ ဒီနေ့ပါဆယ် လဲဖို့ရှိပါတယ်ဗျ"
"ဘယ်နေရာမှာလဲ...?"
"Spikeတို့ရဲ့ဂိုဒေါင်မှာပါ"
"ပါဆယ်ကိုအဲ့ဂိုဒေါင်ရဲ့တစ်ဖက်ကျော်ကွင်းပြင်မှာသယ်မယ်လို့နေရာပြောင်းချိန်းလိုက် မရ ရင်မသယ်ဘူး"
ထိုစကားတစ်ခွန်းကိုသာခပ်ပြတ်ပြတ်ပြောကာကားပေါ်တက်သွားသူကိုTheနားမလည်နိုင်ပေ။
3 billionsတန်ဖိုးရှိတဲ့ ပါဆယ်တွေကို ဘယ်လိုတောင်ငါးဆယ်တန်ရေခဲချောင်းဝယ်သလိုလုပ်နေတာပါလိမ့်....စစချိန်းထားတဲ့နေရာက အဲ့ဂိုဒေါင်ဘေးကနေရာနဲ့ တောင်နဲ့မြောက်ဒါပင်မဲ့ ဆရာကဒီလိုလိုချင်တာကို ဒီကတပည့်ကမငြင်းဝံ့...လည်ပင်းအပိုမပါဘူးလေ။
YOU ARE READING
Above The Fate
Romanceအဟက် ကံကြမ္မာတဲ့ လူတိုင်းကိုသူကပဲ နားလည်ပါးရိုက်လုပ်ပြီး သူ့အလိုကျချုပ်ကိုင်နိုင်တာ တဲ့ ကိုယ်ကတော့ အဲ့ကံကြမ္မာဆိုတဲ့အရာကိုတောင် ကိုယ့်အောက်ဒူးထောက်ခစားစေမဲ့ လူစားမျိုး။ -စမ်း ဘယ်သူအလိုကျကျမကျကျကျုပ်အလိုကျရင်ပြီးရောပေါ့။ -မိုးထိခေါင်ကျော်