One Shot

140 21 1
                                    

Unicode

" ဖေဖေထတော့လေ "

အလုပ်တွေများတာနဲ့မနေ့ညကသားလေးကိုအစောကြီးသိပ်ပြီးညဉ့်အတော်နက်တဲ့အထိအလုပ်လုပ်မိလိုက်သည့်အကျိုးဆက်ကအခုမထနိုင်တော့ခြင်းဖြစ်သည်။ အိပ်ရာဘေးကဆက်တိုက်မြည်နေသော alarm အားပိတ်ကာပြန်အိပ်လိုက်သော်ငြားသူ၏ဗိုက်ပေါ်တက်ထိုင်‌ကာလှုပ်နှိုးနေသောသားလေးကြောင့်နိုးလာရပြန်သည်။

" (၅) မိနစ်ပဲဖေဖေအိပ်ချင်သေးလို့ "

" ဟင့်အင်းဖေဖေထတော့ပါးပါးကိုသွားကြိုရမယ်လေ "

" အခုမှ (၇) နာရီပဲရှိသေးတယ်လေပေါင်ပေါင်းရယ် "

" ပေါင်ပေါင်းကပါးပါးကိုအရမ်းတွေ့ချင်နေပြီ။ ဖေဖေထတော့လို့ "

ဒီကလေးလေးကသူ့ဝမ်းနှင့်လွယ်၍မွေးထားရပေလို့ပဲအချိုးကသူ့ပါးပါးနှင့်တစ်ပုံစံတည်း။ လိုချင်တာမရမချင်းဂျစ်တိုက်နေတာ။ အခုလည်းသူမထမချင်းဗိုက်ပေါ်ကဆင်းမည့်ပုံမပေါ်။ နောက်ဆုံးကိုယ်ပဲအလျှော့ပေးလိုက်ရတော့သည်။

" ထပါပြီဗျာ။ လာဖေဖေ့အသည်းလေးရေချိုးပေးမယ် "

" ဟုတ်။ ဖေဖေချစ်ချစ်.. မွ "

Stick ညအိပ်ဝတ်စုံဝမ်းဆက်လေးနှင့်ချစ်ဖို့ကောင်းနေသောသားကလေးအားကောက်ပွေ့လိုက်ပြီးပါးနုနုလေးထက်တစ်ချက်နမ်းရှုံ့လိုက်သည်။ ထို့နောက်သားလေးကိုရေချိုးသန့်စင်ပေးပြီးသူကြိုက်တဲ့အပြာနုရောင်လက်ရှည်အကျီလေးကိုဘောင်းဘီအဖြူလေးနှင့်တွဲဝတ်ပေးလိုက်သည်။ သူတို့သားအဖသုံးယောက်လုံးကအပြာရောင်ကြိုက်တာချင်းတော့တူကြပေသည်။

သားလေးကိုကုတင်ပေါ်တင်ပေးပြီးရေမိုးချိုးရန်ရေချိုးခန်းထဲပြန်ဝင်လိုက်သည်။ သူရေချိုးပြီးပြန်ထွက်လာတော့သားလေးကကုတင်ပေါ်မှောက်လျက်လေးလှဲနေကာဖုန်းထဲက game တစ်ခုအားသည်းကြီးမည်းကြီးဆော့နေလေရဲ့။

သားလေးကတစ်ခါတစ်လေလူကြီးလေးနှင့်တူလှသည်။ သူအပြုံးလေးတစ်ခုဆင်မြန်းလိုက်ပြီးဘီဒိုထဲကအဝတ်တစ်စုံကိုထုတ်ဝတ်လိုက်သည်။

" ပေါင်ပေါင်းအောက်ဆင်းရအောင် "

" ဖေဖေချီ "

You've reached the end of published parts.

⏰ Last updated: Jan 29, 2022 ⏰

Add this story to your Library to get notified about new parts!

ကြည်နူးရိပ် ( One Shot )Where stories live. Discover now