မှန်ဘောင်ခြားနေသည့်သံတိုင်တွေနောက်ကသူမမျက်နှာ...
သူ့ကိုကြည့်နေသည့်မျက်ဝန်းတွေက အရင်လိုစူးတောက်မနေဘဲ မှိုင်းညို့ညို့နိုင်သည်။ တောက်ပခဲ့သည့်နှုတ်ခမ်းတို့ကလည်း ကွဲကာပြဲကာရှိနေကြသည်။ ဆံသားတို့ဖွာလန်ကြဲနေကာ အခုမှရန်ဖြစ်ပြီးခါစပုံစံ။"ဘာကိစ္စလဲ seokjin ငါ့ကိုလာလှောင်တာလား"
"ခင်ဗျားစိတ်နဲ့မနှိုင်းပါနဲ့ မေးစရာတွေရှိနေလို့ ဒီလိုမျက်နှာချင်းဆိုင်နေတာ"
"........."
တခဏတာတိတ်ဆိတ်သွားပြီးမှ seokjinဘက်ကစကားပြန်စသည်။
"Jiminက ဘယ်သူဆိုတာခင်ဗျားသိလား"
"...ငါ့သားလေ"
"သိနေခဲ့သားနဲ့ ဘာကြောင့်သူ့အပေါ်လုပ်ရက်ရတာလဲ"
"ငါကသူ့ကိုကောင်းစေချင်ယုံပါ ကင်လုပ်ငန်းစုကြီးငါသိမ်းပိုက်ပြီးရင်သူ့ကိုပေးမယ် ငါရည်ရွယ်ခဲ့ပြီးသား သူ့ကိုချစ်လို့ ငါ့ရည်မှန်းချက်တွေမအောင်မြင်ခင်ထိသူ့ကိုမထိခိုက်စေချင်လို့ သူ့ကိုသက်သက်သာသာလှဲနေစေချင်တာ"
"ချစ်တာမေတ္တာတွေထည့်မပြောပါနဲ့ ခင်ဗျားနဲ့မတန်ဘူး လောဘတရားတွေကိုတန်ဖိုးရှိတဲ့မေတ္တာတွေနဲ့မဖုံးချင်နဲ့ ခင်ဗျားမှာမိခင်စိတ်ရှိခဲ့ရင် သူ့ကိုဒီလိုလုပ်ခဲ့ပါ့မလား ခင်ဗျားချစ်တာကားနဲ့တိုက်လောက်တဲ့အထိလား မရှင်သန်လာဖို့ဆေးတွေအကြိမ်ကြိမ်အခါခါထိုးခဲ့ရတဲ့အထိလား"
"သူကငါမလိုသူနဲ့ရခဲ့တာ ငါမုန်းတဲ့သူနဲ့လေ သူနဲ့သူ့အဖေတစ်ပုံစံတည်း ကြီးလာလေလေတူလာလေလေ ဒါကြောင့်ငါမုန်းတယ် သူကငါမလိုချင်တဲ့သွေးသားဖြစ်နေလို့ပဲ"
ဒေါသအရှိန်ကြောင့်မျက်သားတွေရဲတက်နေပြီ။ jiminအတွက်မခံနိုင်သည့်စိတ် သနားသည့်စိတ်တို့သည်အလုံးအရင်းဝင်လို့လာသည်။ ကင်ဟာယန်းကလုံးလုံးနောင်တမရသေးဘူး။
"တစ်ခုတော့မှတ်ထား ခင်ဗျားအခုလိုအသက်ရှင်နေနိုင်တာ jiminကြောင့် ၊ သူသာမတားခဲ့ရင်ခုချိန်ခင်ဗျားက ရှာမတွေ့နိုင်တဲ့ရှားပါးပစ္စည်းဖြစ်နေမှာသိလား ခင်ဗျားအသိအမှတ်မပြုတဲ့သားတစ်ယောက်က မိခင်ဆိုတဲ့ပညတ်ချက်တစ်ခုတည်းနဲ့ခံစားရသမျှတွေခဝါချခဲ့တာ. ဒီဖြစ်စဥ်တစ်ခုလုံးမှာသူအနာကျင်ရဆုံး အခံပြင်းဆုံး . မေတ္တာကိုခုတုံးလုပ်ပြီးကိုယ့်ဆန္ဒကိုဖြည့်ဆည်းချင်နေတဲ့ခင်ဗျားက ဒီထက်မကဆိုးရွားတဲ့နေရာမှာရောက်သင့်တာ"
YOU ARE READING
Steady Principle { Completed }