Above The Fate (Part 5)

322 45 3
                                    

"Sunday ချစ်မယ်မင်းနဲ့
Mondayချစ်မယ်မင်းနဲ့
အမြဲတမ်းချစ်မယ် မင်းနဲ့ပေါ့
အားကိုးမယ်နော် အားဟ...
တို့ယုံစားတာကို မင်းက
ရောင့်မတက်ရင်ဖြစ်တယ်..
တို့မြုံထားတာတွေပြောပြမယ်
ချစ်တယ်မင်းကို
တို့မျှော်လင့်တာတွေ
မင်းကဖျက်မပစ်ရင်ဖြစ်တယ်
တို့စိတ်များနေတာမင်းကြောင့်ပါ
အသည်းလေးကွဲမှာကြောက်မိပေါ့
အားကိုးမယ်နော် အားဟ"

"ဟေ့ဟေ့ဟေ့!!!"

အပြင်မှအာရုံနောက်လာတာကြောင့်မိုးထိစိတ်ရောလူပါနှောက်နေတာ ကြည်သွားအောင်ရေချိုးလိုက်ပြီးBathrobeကို ညီငယ်တော်ဖုံးရန်သာ ကြိုးကိုလျော့တိလျော့ရဲချည်လိုက်ပြီးနောက်ဝရံတာမှာအေးဆေးဆေးလိပ်သောက်ရန်ထွက်လာလိုက်ရာ...မိုးထိစိတ်အစဥ်ကိုပိုနောက်သွားစေသည်။

မိုးထိမျက်မှောင်ကြုတ်လိုက်မိကာ...ဘယ်ကလေကဝတွေကဘယ်လိုသတ္တိနဲ့များ
သူ့အိမ်အထိကြားအောင်Micနဲ့လာဟစ်နေတာပါလိမ့်....အဲ့လိုတွေအာရုံနောက်လာရမှာစိတ်ပျက်လို့ရပ်ကွက်တွေနဲ့ဝေးနိုင်သမျှဝေးအောင်မြေကွက်တွေကိုအကုန်ပတ်ဝယ်ပစ်ပြီးအလယ်မှာသာမိုးထိစံအိမ်ကိုထီးထီးကြီးဆောက်ထားခြင်းပေ။

လာပိုးတယ်လို့ဆိုရအောင်လဲ အိမ်မှာအထီးတွေကြီး....ရိုးရိုးအထီးအလှလေးတစ်ယောက်တောင်မပါ ရိုက်သတ်ရင်တောင်မသေမဲ့ဗလနဲ့ဇနဲ့ထွားထွားကြိုင်ကြိုင်ကြီးတွေ။

"ငါလိုးမသားတွေ အကုန်သတ်ပစ်မယ်စိတ်ရှုပ်နေပါတယ်ဆို ငါ့တပည့်အထီးတွေကိုလာကြောင်နေတယ်ထင်ပါ့"

မိုးထိဆဲရေးဆိုလိုက်ပြီး Bathrobeကိုသေချာပြန်ဝတ်လိုက်ကာ မီးမညိရသေးသောဆေးလိပ်ကိုဘယ်ဘက်နားရွက်ကြားထဲညပ်လိုက်ပြီး အခန်းသို့ပြန်ကာ သေနတ်ကိုပြန်ယူလိုက်သည်။

မိုးထိအောက်ထပ်သို့ဆင်းလာတော့ လူနဲ့တူတာတစ်ယောက်တောင်မတွေ့ပေ ကုန်ကုန်​ပြောရလျှင်အိမ်တိုင်းရှိတဲ့ပုရွက်ဆိတ်တောင်မရှိဘူးထင်ရ...အခုချိန်များမိုးထိကိုလာလုပ်ကြံသွားရင်အလောင်းတောင်ရှာရမယ်မထင်။

"ဟျောင့်တွေဘယ်သူမှမရှိဘူးလားကွ"

မိုးထိအသံသာဟိန်းခနဲထွက်လာပြီး နောက်တော့မိုးထိအမှတ်ရမိသွားသည်...မနေ့ကအကုန်ပင်ပန်းထားတာကြောင့်သူအပြင်မှာDinnerသွားစားနေတဲ့အချိန်အတွင်းနားချင်နားကြဆိုပြီးပြောခဲ့တာပင် သူကအာရုံနောက်တာကြောင့်စောစောပြန်လာလိုက်ခဲ့တာမလို့ မသိကြတာဖြစ်လိမ့်မည်။

Above The FateWhere stories live. Discover now