မိုးစက်လေးတွေတဖြောက်နှစ်မြောက်ကျနေတယ်။ December လိုဆောင်းလည်ခေါင်ကြီးမှာ နှင်းစက်တွေနဲ့ အတူအဖော်ပြုရင်းကျဆင်းလာပုံပါပဲ။ မိုးစက်တွေရဲ့အဖော်ပြုပေးချင်လွန်းတဲ့စာနာစိတ်က သူ့ကိုတော့ခိုက်ခိုက်တုန်အောင်ချမ်းစေပါတယ်။
စာကြည့်တိုက်ကလေးထဲကလူတွေကအလျှိုလျှိုထွက်သွားကြပေမယ့်သူကတော့လက်ကလေးထွေးရင်းမြင်နေရတဲ့မိုးစက်နှောနှင်းဖွေးဖွေးတွေကို ခပ်အေးအေးထိုင်ကြည့်နေမိခဲ့တာ။ အဖြူရောင်hoodie အကြီးကြီးထဲမှာ နစ်မြုပ်နေတဲ့ သူ့ရဲ့လက်သွယ်သွယ်လေးတွေကို အသုံးပြုလို့မျက်မှန်ကိုင်းအနက်လေးကိုပင့်တင့်မိတယ်၊
ဒုတိယနှစ်ရောက်နေတဲ့အထိ သူကလူမသိသူမသိသာမညကျောင်းသားမို့ အထူးတလည်လာနှုတ်ဆက်တဲ့မိတ်ဆွေရယ်လို့လည်းမရှိပါဘူး။ဝမ်ရိပေါ်ဘဝကလေးက ရိုးရှင်းတယ်၊ မြင်နေရတဲ့ဆောင်းလယ်ကမိုးစက်တွေလိုပဲ နားလည်ရခတ်ခတ်လူတစ်မျိုး။
စာကြည့်တိုက်လည်းပိတ်ချိန်နီးပြီမို့ လူတစ်ယောက်စနှစ်ယောက်စကျန်ခဲ့တယ်၊ Assignment အတွက်ပြင်ထားတဲ့စာတမ်းအချို့ကို သေသေချာချာလေးဖိုင်တွဲလိုက်တယ်။ ငှားထားတဲ့စာအုပ်တွေကိုစနစ်တကျပြန်အပ်ဖို့ပြင်ရတယ်။
မျက်မှန်းတန်းမိနေတဲ့ စာကြည့်တိုက်မှူးကိုတောင်ခေါင်းလေးပဲတစ်ချက်ငြိမ့်လို့ နှုတ်ဆက်မိတဲ့သူက လူမှုရေးသိပ်မရှိတတ်ဘူး။ ဝမ်ရိပေါ်က အတုအယောင်တွေကိုမုန်းသလို ဟန်ဆောင်အပြုံးတွေကိုလည်း မနှစ်မြို့။ စိတ်ထဲရှိတဲ့အတိုင်း ဆက်ဆံမိတဲ့အခါ သူက လူမှုရေးခေါင်းပါးသူအဖြစ်အသမုတ်ခံရတယ်။
မျက်ဝန်းညိုတွေက ခပ်ထူထူဖန်ပုလင်းမျက်မှန်ကြီးအောက်မှာငုပ်လျှိုးလို့၊ တင်းတင်းစိထားတဲ့နှုတ်ခမ်းကိုမေးကြည့်တယ်၊ ဒီနှစ်တွေအတွင်း သူပြုံးမှပြုံးဖူးလိုက်လေသလား။ သေချာတာက ဝမ်ရိပေါ်ဟာ သူ့အပြုံးသူမမြင်ရတာတောင်ကြာပါပေါ့။
"အ!"
id card လေးကို hoodieထဲထိုးထည့်နေတုန်းမှာ ရင်ဘတ်တလျှောက်ပူခနဲအထိအတွေ့ကိုခံစားရတယ်။ ငေးရင်းလျှောက်လာမိတဲ့ကိုယ့်အပြစ်လဲမကင်းတာမို့ ကော်ဖီစွန်းတွေကိုသာ စိတ်ပျက်ပျက်ကြည့်နေမိခဲ့တာ၊
YOU ARE READING
Heather [One Shot]
RandomWhy would u ever kiss me.. I'm not even half as pretty.. You gave her your sweater.. It's just polyester.. But you like her better.. Wish i were Heather..