"သစ်ရွက်ခြောက်ကြွေတွေနဲ့အတူကိုယ့်အချစ်ဟာလည်းတဖြည်းဖြည်းကြွေကျပျောက်ဆုံးသွားခဲ့ပြီ..."
စာရေးနေရင်းနဲ့ Taehyung အာရုံမစိုက်နိုင်ဖြစ်နေလေသည်...အကြောင်းရင်းကတော့ Jungkook ဖြစ်သည်...Jungkook ကသူ့အားစိတ်ဆိုးသွားသည့်ရက်မှစ၍အိမ်ကိုမလာတာသုံးရက်တောင်ရှိပြီဖြစ်သည်...အစပိုင်းကတော့ "ဒီကောင်လေးမနေနိုင်ပါဘူးလာမှာပါ" ဟုတွေးထားသော်လည်းအခုချိန်ထိရောက်မလာတာကြောင့်အနည်းငယ်စိတ်ပူလာသလိုစိတ်လည်းရှုပ်လာရသည်...
စာဆက်ရေးလို့မရတော့တာကြောင့်အိမ်တံခါးဖွင့်ကာခြံထဲကိုသာငေးကြည့်နေလိုက်တော့သည်...ခြံတံခါးကိုလည်းမျှော်နေသောသူလည်းရောက်လာမလားဆိုသည့်စိတ်ဖြင့်မျှော်ကြည့်နေမိသည်....
"ငါ့ကိုတော်တော်စိတ်ဆိုးသွားတာထင်တယ်...သွားချော့လိုက်ရင်ကောင်းမလား..."
တစ်ယောက်တည်းကြားရုံအသံတိုးတိုးဖြင့်ရေရွတ်မိသည်...တစ်ခဏကြာမတ်တပ်ရပ်စဉ်းစားနေပြီးတော့မှလိုက်သွားဖို့ Taehyung ဆုံးဖြတ်လိုက်တော့သည်...သိတာဘယ်လောက်မှမကြာသေးသည့်ကောင်လေးတစ်ယောက်ကြောင့် Taehyung ရဲ့စိတ်တွေမတည်ငြိမ်နိုင်ချေ....အိမ်ထဲကိုပြန်ဝင်ကာဖုန်းယူပြီးအိမ်တံခါးပိတ်ပြီးထွက်လာခဲ့သည်...
.
.
.
"Jungkook...""ဗျာ"
အိမ်ရှေ့မှာကြက်သွန်နီတွေလှန်းနေသည့် Jungkook ကိုအိမ်ထဲမှာရေနွေးကြမ်းသောက်နေသည့် Byung Ho ကလှမ်းခေါ်သည်...
"ဟိုမြို့သားလေးဆီမသွားပါ့လား..."
Byung Ho ရဲ့စကားကြောင့် Jungkook လုပ်နေတာရပ်သွားလေသည်...ထို့နောက်တွင်မှဘာမှမဖြစ်သလိုကြက်သွန်တွေကိုလက်ဖြင့်လိုက်ဖြန့်နေလေသည်...
"ဟုတ်..."
"သွားလေ...ဟိုကဧည့်သည်ဆိုတော့အဆင်မပြေတာတွေရှိနေရင်ကိုယ်ကကူညီပေးလို့ရတာပေါ့"
"ဟုတ်...."
"မဟုတ်မှလွဲရော...သူနဲ့တော့မင်းရန်ဖြစ်ထားတာမဟုတ်ပါဘူးနော်"
"အာ...မ..မဟုတ်ပါဘူး ဦးလေးကလည်း..."
"အေး သူကဧည့်သည်နော် မင်းထက်လည်းအသက်ကြီးတယ် မင်းရန်ဖြစ်နေကျရွာထဲကကလေးတွေလိုမဟုတ်ဘူးနော် ဆင်ဆင်ခြင်ခြင်နေပါငါ့တူရယ်"
YOU ARE READING
아름다운 영혼(𝙱𝚎𝚊𝚞𝚝𝚒𝚏𝚞𝚕 𝚂𝚘𝚞𝚕)
FanfictionYou're the most beautiful flower in my garden 𓂃܀❀ .*゚ {Both Unicode and Zawgyi}